၂၀၁၇-၁၈ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ပရီးမီးယားလိဂ် ၄ သင်း ယှဉ်ပြိုင်ခွင့်ရမည်

1K
၂၀၁၇-၁၈ ဥရောပချန်ပီယံလိဂ်မှာ အင်္ဂလန် ပရီးမီးယားလိဂ်အသင်းက ၄ နေရာ ရရှိနေဦးမှာဖြစ်ကြောင်း ယူအီးအက်ဖ်အေက ကြေညာခဲ့ပါတယ်။
မန်စီးတီးအသင်း ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို ရောက်ရှိခဲ့ပြီး လီဗာပူးလ်အသင်းက ယူရိုပါလိဂ်မှာ ဆက်လက် ပြိုင်ပွဲဝင်နေနိုင်တာကြောင့် အခုလို ၄ နေရာကို ရရှိခဲ့တာပါ။
အီတလီ စီးရီးအေကတော့ ဂျူဗင်တပ်စ်၊ လာဇီယိုနဲ့ ရိုးမားအသင်းတွေ ဒီရာသီမှာ ဥရောပပြိုင်ပွဲတွေ ထွက်ခွာခဲ့ရတာကြောင့် ၃ နေရာပဲ ရရှိမှာ ဖြစ်ပါတယ်။
စပိန် လာလီဂါနဲ့ ဂျာမန် ဘွန်းဒစ်လီဂါတွေကတော့ ၄ သင်းရမှာ ဖြစ်ပါတယ်။
ဒါဟာ ချန်ပီယံလိဂ်ဝင်ခွင့်အသင်း အရေအတွက်သတ်မှတ်မှု စည်းမျဉ်းအသစ်ကို စတင်ကျင့်သုံးတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ချန်ပီယံလိဂ်မှာ ဘယ်လောက် အောင်မြင်ခဲ့တယ်ဆိုတာကို အမှတ်ပေးစနစ်နဲ့ တွက်ချက်မှာဖြစ်ပြီး ထိပ်ဆုံးလိဂ် ၃ ခုကသာ ၄ သင်းစီ ၀င်ခွင့်ရမှာ ဖြစ်ပါတယ်။
ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်တို့မှာ အမှတ်ပေးစနစ်တွေ သတ်မှတ်ထားပြီး အသင်းတသင်းအနေနဲ့ အုပ်စုအဆင့်ရောက်ရင် ၄ မှတ်၊ အုပ်စုမှာ နိုင်ပွဲရရင် ၂ မှတ်၊ သရေကျရင် ၁ မှတ်၊ ၁၆ သင်းအဆင့်ရောက်ရင် ၄ မှတ် သတ်မှတ်ထားတာပါ။