Homeသတင်းဓာတ်ပုံ
မန္တလေးမြို့ရှိ ဒုတိယအကြီးဆုံးဈေးကြီးတွင် ဆိုင်ခန်းအားလုံးနီးပါး မီးလောင်ကျွမ်း (ဓာတ်ပုံ)
မန္တလေးမြို့ရှိ ဒုတိယအကြီးဆုံးဈေးကြီးတွင် ဆိုင်ခန်းအားလုံးနီးပါး မီးလောင်ကျွမ်း (ဓာတ်ပုံ)
DVB
·
March 23, 2016
မန္တလေးမြို့ ၇၃ လမ်းနဲ့ လမ်း ၃၀ ထောင့်မှာရှိတဲ့ မင်္ဂလာဈေးမှာ မတ်လ ၂၂ ရက် ညနေ ၆ နာရီကနေ ည ၁၀ နာရီလောက်အထိ မီးအကြီးအကျယ် လောင်ကျွမ်းခဲ့ပါတယ်။
မြေညီထပ် (ဃ) ရုံမှ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးလောင်ရတဲ့ အကြောင်းရင်းကို စုံစမ်းလျက်ရှိသလို ပျက်စီးဆုံးရှုံးမှုတန်ဖိုးကိုလည်း မသိရသေးပါဘူး။
အခု မီးလောင်ခဲ့တဲ့ မင်္ဂလာဈေးဟာ မန္တလေးမြို့ရဲ့ ဒုတိယအကြီးဆုံး ဈေးကြီးဖြစ်ပြီး ဆိုင်ခန်းပေါင်း ၉၀၀ နီးပါး ရှိပါတယ်။
အခုမီးလောင်မှုကြောင့် ဆိုင်ခန်း အကုန်လုံးနီးပါး မီးလောင်ကျွမ်းခဲ့ပါတယ်။
မန္တလေးမြို့ အနီးအနား မီးသတ်ကားတွေပါ လာရောက်ကူညီ ငြိမ်းသတ်ရပြီး မီးသတ်ယာဉ် ၁၀၀ ကျော်၊ မီးသတ်ဝန်ထမ်း ၆၀၀ ကျော်နဲ့ ငြှိမ်းသတ်ခဲ့ရတယ်လို့ ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။
ဓာတ်ပုံ - အောင်အောင်၊ အိမ်ခိုင်မြဲ