ဒေါ်အောင်ဆန်းစုကြည် ၀န်ကြီးဌာန ၄ ခု တာဝန်ယူမည်
DVB
·
March 23, 2016
ဒေါ်အောင်ဆန်းစုကြည်ဟာ ၀န်ကြီးဌာန ၄ ခုကို တာဝန်ယူမှာဖြစ်တယ်လို့ အန်အယ်လ်ဒီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ပြောပါတယ်။
နိုင်ငံခြားရေး၊ သမ္မတရုံး၊ ပညာရေး၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနတွေကို တာဝန်ယူမယ်လို့ မတ်လ ၂၂ ရက်ညက ပြောလိုက်တာပါ။
ပါတီကိုတော့ အတွင်းရေးမှူးအဖွဲ့က တာဝန်ယူသွားမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအဖွဲ့ရဲ့ လှုပ်ရှားမှုကို မူဝါဒအဖြစ် လက်ခံသွားမယ်လို့လည်း ဦးဝင်းထိန်က ပြောပါတယ်။