Home
မြန်မာသတင်း
သင်္ကြန်ကာအတွင်း သင်္ကြန်အထူးရထားများ ပြေးဆွဲမည်
DVB
·
March 21, 2016
မြန်မာ့မီးရထားကနေ လာမယ့် သင်္ကြန်ကာလအတွင်းမှာ နှစ်စဉ် ပြေးဆွဲပေးနေကြ သင်္ကြန် အထူးရထားတွေကို ပြေးဆွဲပေးဖို့ စီစဉ်နေကြောင်း ဒီကနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ ရထားပြေးဆွဲပေးမယ့် အချိန်စာရင်းကို မကြာမီ ထုတ်ပြန်ပေးမယ်လို့လည်း ဆိုထားပါတယ်။ မြန်မာ့မီးရထားက ခရီးသည်တွေ အဓိကထား စီးနင်းနေတဲ့ ရန်ကုန်ဘူတာကြီးနဲ့ မန္တလေး ဘူတာဘက်တို့မှာ ရထားလက်မှတ်မှောင်ခိုမဖြစ် ပွားစေဖို့နဲ့ လက်မှတ်ခ အပိုကြေး မပေးရ စေရေးအတွက် သက်ဆိုင်ရာက ကြီးကြပ်ပြီး သင်္ကြန်ကာလ ပြီးဆုံးတဲ့အထိ လက်မှတ်တွေကို ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024