နယူးကာဆယ် ၁ – ၁ ဆန်းဒါးလန်း (ရုပ်သံဟိုက်လိုက်)

1.3K
မတ်လ ၂၀ ရက်နေ့က ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်တဲ့ တန်းဆင်းဇုန် ၂ သင်းရဲ့ ပြိုင်ပွဲမှာ နယူးကာဆယ်က နောက်ကနေ လိုက်ကစားခဲ့ပြီး ဆန်းဒါးလန်းနဲ့ ၁ ဂိုးစီ သရေကျသွားပါတယ်။
၂ သင်းစလုံးဟာ တန်းဆင်းဇုန်ထဲမှာ ရှိနေလို့ အမှတ်ပြည့် ယူနိုင်ဖို့အတွက် ကြိုးစား ယှဉ်ပြိုင်သွားပါတယ်။
ဆန်းဒါးလန်းအတွက် ဦးဆောင်ဂိုးကို ၄၄ မိနစ်မှာ တိုက်စစ်မှူး ဒီဖိုးက သွင်းယူပါတယ်။
အခုပွဲစဉ်ဟာ နယူးကာဆယ် နည်းပြသစ် ဘင်နီတက်ဇ်အတွက် ဒုတိယမြောက် ကိုင်တွယ်တဲ့ ပွဲစဉ်လည်း ဖြစ်ပါတယ်။
နယူးကာဆယ်က အိမ်ကွင်းမှာ ဘောလုံးပိုင်ဆိုင်မှု အသာစီး ယူနိုင်ပေမယ့် ထိုးဖောက် ကန်သွင်းခွင့်မှာတော့ အပြန်အလှန် ရခဲ့ပါတယ်။
နယူးကာဆယ်အတွက် ချေပဂိုးကို ၈၃ မိနစ်မှာ ဖြတ်တင်ဘောကနေ မီထရိုဗစ်က ခေါင်းတိုက်သွင်းယူပါတယ်။
ဒီပွဲသရေကျလို့ ဆန်းဒါးလန်းက ၂၆ မှတ်နဲ့ အဆင့် ၁၈၊ နယူးကာဆယ်က ၂၅ မှတ်နဲ့ အဆင့် ၁၉ မှာ အသီးသီး ရပ်တည်နေပါတယ်။