မားကပ်စ်ရပ်ရှ်ဖို့ဒ်၏ သွင်းဂိုးဖြင့် မန်စီးတီးကို မန်ယူ အနိုင်ယူ (ရုပ်သံဟိုက်လိုက်)

4.2K
ပြိုင်ဆိုင်မှုပြင်းထန်တဲ့ မန်ချက်စတာ ဒါဘီပွဲစဉ်မှာ မန်ယူက မန်စီးတီးကို တလုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရသွားပါတယ်။
မတ်လ ၂၀ ရက်ညက ယှဉ်ပြိုင်တဲ့ ပွဲစဉ်မှာ မန်ယူအတွက် တလုံးတည်းသော အနိုင်ဂိုးကို ဆက်ကျော်သက် တိုက်စစ်မှူး မားကပ်စ် ရပ်ရှ်ဖို့ဒ်က ၁၆ မိနစ်မှာ သွင်းယူပါတယ်။
အသက် ၁၈ နှစ်အရွယ် တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်ဟာ မန်ချက်စတာ ဒါဘီပွဲစဉ်မှာ အနိုင်ဂိုးသွင်းတဲ့ အသက်အငယ်ဆုံး ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်သွားပါတယ်။
ဒီပွဲမှာ မန်စီးတီးက ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်သလို ထိုးဖောက် ကန်သွင်းခွင့် အကြိမ်ရေ ပိုရခဲ့ပါတယ်။
ဂိုးရဖို့ နီးစပ်ခဲ့ပေမယ့် မန်ယူဂိုးသမား ဒီဂီယာ လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပါတယ်။
ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားအဖြစ် မန်ယူတိုက်စစ်မှူး မားကပ်စ် ရပ်ရှ်ဖို့ဒ်က ရရှိသွားပါတယ်။
ဒီပွဲနိုင်တဲ့ မန်ယူက အမှတ် ၅၀ နဲ့ အဆင့် ၆ မှာ ရှိနေပြီး မန်စီးတီးက ၅၁ မှတ်နဲ့ အဆင့် ၄ မှာ အသီးသီး ရပ်တည်နေပါတယ်။