ညောင်ရွှေနှင့်ပင်းတယမြို့နယ် ကျေးရွာ ၁၆ ရွာ ရေရှားပါးမှု ကြုံတွေ့ (ဓာတ်ပုံ)
DVB
·
March 20, 2016
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်နဲ့ ပင်းတယမြို့နယ်အတွင်း ကျေးရွာ ၁၆ ရွာတွင် အခုနှစ်အတွင်း ရေရှားပါးမှု အဆိုးဆုံးကြုံတွေ့နေရတယ်လို့ တောင်းရိုးစာပေနှင့်ယဉ်ကျေးမှုအဖွဲ့က ပြောပါတယ်။
အဲဒီလို အခက်ခဲတွေကြုံတွေ့နေရတဲ့အတွက် ဒေသတွင်း ပရဟိတအဖွဲ့စည်းတွေဟာ အလှူငွေတွေ လက်ခံပြီး ရေအခက်ခဲဖြစ်ပေါ်နေတဲ့ဒေသတွေကို ရေလှူဒါန်းမယ့်အပြင် ကာလရှည်အကျိုးအတွက် ရေတွင်းတူးဖို့ လိုအပ်ငွေတွေကိုလည်း ကောက်ခံစုဆောင်းပေးသွားမှာဖြစ်ပါတယ်။