အမေရိကန်အထိမ်းအမှတ် လင်းယုန်မောင်နှံ သားပေါက် (ရုပ်သံ)

အမေရိကန်နိုင်ငံမှာ သမ္မတကြီးနဲ့ သူ့ရဲ့ကတော်လို့ တင်စားလူသိများတဲ့ အမေရိ ကန်လင်းယုန်မောင်နှံဟာ သူတို့ရဲ့ လင်းယုန်သားပေါက်ကလေးကို ၀ါရှင်တန်ဒီစီမြို့ တော်မှာ မတ်လ ၁၈ ရက်နေ့က မွေးဖွားခဲ့ပါတယ်။ လင်းယုန်အနီးကပ်စောင့်ကြည့်ကင်မရာကို ၁၉၄၇ ခုနှစ်ကတည်းက မြို့တော်ရဲ့ အမျိုးသားရုက္ခဗေဒဥယျာဉ်ထဲမှာ တပ်ဆင်ထားခဲ့တာပါ။ သူတို့ရဲ့ ပထမဆုံးသောဥကို ဖော်ဝါရီ ၁၀ ရက်နေ့မှာ ဥခဲ့ပြီး ဒုတိယဥကို တော့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ဥခဲ့တာပါ။ ခုမွေးဖွားလာတာကတော့ ဒီဥ ၂ လုံးထဲက တလုံးဖြစ်ပြီး သိပ်မကြာခင်မှာ နောက်ဥတလုံးကနေ ထပ်မံပေါက်လာဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ ဒီလင်းယုန်တွေဟာ အမေရိကန်နိုင်ငံရဲ့ သင်္ကေတတခုဖြစ်ပြီး လက်ရှိနိုင်ငံတွင်း လည်ပတ်နေတဲ့ ငွေကြေးနဲ့ သမ္မတရဲ့ တံဆိပ်တုံးမှာပါ ရုပ်ပုံတွေကိုအသုံးပြုထားတာပါ။ ခုလင်းယုန်သားပေါက်မွေးဖွားခဲ့တဲ့ လင်းယုန်စုံတွဲဟာ ၂၀၁၄ ခုနှစ်တည်းက အ မျိုးသားဥယျာဉ်ထဲက ကျူးလစ်ပေါ်ပလာပင်ပေါ်မှာ အသိုက်လာဆောက်ထားခဲ့ကြ တယ်လို့ ဆိုပါတယ်။ ဒီလင်းယုန်တွေဟာ အမေရိကန်နိုင်ငံမှာ ဆယ်စုနှစ်ပေါင်းများစွာတည်းက ပျောက်ကွယ်လုနီးပါးဖြစ်လာခဲ့ပြီးနောက် ၂၀၀၇ ခုနှစ်မှာတော့ မျိုးတုံးပျောက်ကွယ်လုနီး ပါးဖြစ်နေတဲ့ အန္တရာယ်ရှိမျိုးစိတ်အဖြစ်သတ်မှတ်ခဲ့တာပါ။ ခုရိုက်ယူရရှိတဲ့ ရုပ်သံမှတ်တမ်းကို အမေရိကန်လင်းယုန်ဖောင်ဒေးရှင်းနဲ့အတူ အမျိုးသား ရုက္ခဗေဒဥယျာဉ်၊ စွမ်းအင်နဲ့ သဘာဝပတ်ဝန်းကျင်ဌာန၊ ဆန်နီ နည်းပညာ တက္ကသိုလ်တွေ ပူးပေါင်းစီစဉ်ခဲ့ကြတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up