ထိုင်းဘုန်းကြီးကျောင်းက အင်းအိုင်လက်ဖွဲ့ ဆေးမင်ကြောင် ထိုးပွဲ (ရုပ်သံ)

ထိုင်းနိုင်ငံက အင်းအိုင်လက်ဖွဲ့ကို ယုံကြည်တဲ့ ထောင်နဲ့ချီတဲ့လူတွေက နခွန်ပသွန်ခရိုင်က ဘုန်းတော်ကြီးကျောင်းမှာ ဆေးမင်ကြောင်တွေ ထိုးခံဖို့ ဒါမှမဟုတ် ထိုးထားတဲ့ ဆေးမင်ကြောင်တွေကို သိဒ္ဓိတင်ဖို့ မတ် ၁၉ ရက်မှာ ရောက်ရှိနေပါတယ်။ ရုပ်သံဖိုင်ထဲမှာတော့ ထောင်နဲ့ချီတဲ့လူတွေက စောင့်ဆိုင်းရင်း သူတို့ ခန္ဓာကိုယ်မှာ ထိုးထားတဲ့ ကျား၊ အိမ်မြောင် စတဲ့ တက်တူးတွေအတိုင်း နတ်ဝင်ပူးသလို လုပ်ဆောင်နေပါတယ်။ နှစ်စဉ်ဒီပွဲကို ဘန်ကောက် အနောက်ဘက်မိုင် ၃၀ အကွာ ဘန်ဖရာ ဘုန်းတော်ကြီးကျောင်းမှာ ပြုလုပ်လေ့ရှိပြီး တက်တူးတွေနဲ့ လက်ဖွဲ့တွေကနေ ထူးဆန်းတဲ့ တန်ခိုး အထောက်အပံ့ ရရှိမယ်လို့ ယုံကြည်နေပါတယ်။ တချို့ကလည်း သူတို့တက်တူးတွေက သူတို့ကို အန္တရာယ်ကနေ ကာကွယ်ပေးတယ်လို့ ဆိုပါတယ်။ ကားအက်ဆီးဒင့်ဖြစ်ပေမယ့် ဘာမှမဖြစ်တဲ့အတွက် အလုပ်အကိုင်လည်း မထိခိုက်တာဟာ ထိုးထားတဲ့ ဆေးမင်ကြောင်က စောင့်ရှောက်တာလို့ ယုံကြည်တယ်လို့ ပွဲတော်လာ အသက် ၂၇ နှစ် အမျိုးသားက ပြောပါတယ်။ ဆေးလိပ်ပြာ၊ ဆေးဘက်ဝင် အပင်နဲ့ မြွေဆိပ်တွေ စပ်ထားတဲ့ဆေးနဲ့ ဘုန်းတော်ကြီးတွေက တက်တူးတွေ ထိုးပေးနေတာဖြစ်ပါတယ်။ တယောက်ကို တက်တူးထိုးဖို့ ၁၅ မိနစ်ကြာပြီး အပ်နဲ့ အချက်ပေါင်း ၃ ထောင်နီးပါး ထိုးရတယ်လို့ ဆိုပါတယ်။ ထိုးပြိးရင်တော့ မန်းမှုတ်ပြီး အင်းအိုင်တွေကို အသက်သွင်းပေးပါတယ်။ တက်တူး အသက်ဝင်ဖို့အတွက် ၅ ပါးသီလစောင့်ထိန်းရမှာ ဖြစ်ပါတယ်။  ချိုးဖောက်မိတဲ့ တက်တူးထိုးသမားတွေကတော့ တနှစ်တခါ သိဒ္ဓိတင်ဖို့လည်း ပွဲတော်မှာ ဆောင်ရွက်ပေးပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up