ရဟတ်ယာဉ်ဖြင့် အကျဉ်းသား ၂ ဦး ထွက်ပြေးသည့်ရုပ်သံ ဖြန့်ချိ

၂၀၁၃ ခုနှစ် ကနေဒါနိုင်ငံ အကျဉ်းထောင်တခုကနေ အကျဉ်းသား ၂ ဦးကို ရဟတ်ယာဉ်နဲ့ ခေါ်ထုတ်သွားတဲ့ ရုပ်ရှင်ဆန်ဆန် ရုပ်သံကို ၂၀၁၆ ခုနှစ် မတ် ၁၅ ရက်နေ့က ဖြန်ချိခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် မတ် ၁၇ ရက်က ကွေးဘတ်က စန့်ဂျရိုမီး ထိန်းသိမ်းရေး စခန်းပေါ်မှာ ပျံဝဲနေတဲ့ ရဟတ်ယာဉ်က အကျဉ်းသား ၂ ဦးကို ခေါ်ထုတ်သွားတာကို အကျဉ်းထောင်စောင့်တွေ ဒီအတိုင်းစောင့်ကြည့်နေတဲ့ ဖြစ်ရပ်လည်း ရုပ်သံမှာ ပါဝင်ပါတယ်။ ရဟတ်ယာဉ်ပေါ်ကနေ ကြိုးတချောင်းချပေးခဲ့ပြီး အကျဉ်းသား ၂ ဦးကို ရဟတ်ယာဉ်ပေါ် တင်ဆောင်ဖို့ ကြိုးစားပေမယ့် မအောင်မြင်တဲ့နောက် ကြိုးတန်းလန်းနဲ့ ဒီ ၂ ဦးကို ခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။ ကနေဒါတရားရုံးက လွတ်မြောက်သွားတဲ့ အကျဉ်းသား ဟူဒန်ဘာဘီနဲ့ ပတ်သက်ဆက်နွှယ်တဲ့အမှုနဲ့ ပတ်သက်ပြီး ရုပ်သံကို မတ် ၁၅ ရက်က ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ ရဟတ်ယာဉ်ကို လူ ၂ ဦးက ငှားရမ်းခဲ့ပြီးနောက် ရဟတ်ယာဉ်ကို ပြန်ပေးဆွဲကာ ခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။ လွတ်မြောက်ပြီး နာရီအနည်းငယ်အကြာမှာ အကျဉ်းသား ၂ ဦးနဲ့ ရဟတ်ယာဉ် ပြန်ပေးဆွဲသူ ၂ ဦးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ကနေဒါသတင်းတွေအရတော့ အကျဉ်းထောင်စောင့်တွေက သေနတ်တွေ သယ်ဆောင်တာ မရှိဘူးလို့ ဆိုပါတယ်။ ဖမ်းဆီးသူ ၄ ဦးလုံးကို ပြန်ပေးမှု အကျဉ်းထောင်ထွက်ပြေးမှုနဲ့ စွဲဆိုခဲ့ပြီး ထောင်ဒဏ် ချမှတ်ခဲ့တယ်လို့ သတင်းတွေက ရေးပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up