သမ္မတသစ် ဦးထင်ကျော်ကို ရခိုင်အမျိုးသားပါတီ ကြိုဆိုဂုဏ်ပြု
DVB
·
March 17, 2016
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးထင်ကျော် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရတဲ့အတွက် လှိုက်လှဲစွာ ချီးကျူးဂုဏ်ပြုတဲ့အကြောင်း ရခိုင်အမျိုးသားပါတီက ဂုဏ်ပြု သ၀ဏ်လွှာပေးပို့ လိုက်ပါတယ်။
ရခိုင်အမျိုးသားပါတီဟာ ရခိုင်ပြည်နယ်လွှတ်တော်မှာ နေရာအများစုနဲ့ အနိုင်ရတဲ့ပါတီဖြစ်ပြီး ပြည်နယ်အစိုးရကို ဦးဆောင်ဖွဲ့စည်းခွင့်မရပါက အတိုက်အခံအဖြစ် ရပ်တည်သွားမယ်လို့ ကြေညာထားပါတယ်။