မြောက်ဦးနှင့် စစ်တွေတွင် မီးလောင် (ဓာတ်ပုံ)
DVB
·
March 17, 2016
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ဘုရားပေါ်ရပ်ကွက် လောကမူအုပ်စု လမ်းမတန်းမှာ ဝါယာရှော့ကတဆင့် မီးလောင်ကျွမ်းမှုကြောင့် နေအိမ် ၃ လုံး ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
ဒီကနေ့ နေ့လယ် ၁ နာရီခန့်က စတင်လောင်ကျွမ်းတာဖြစ်ပြီး ညနေ ၄ နာရီအချိန်မှာ မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။
ဒီကနေ့ မနက် ၁၀ နာရီခန့်ကလည်း ရခိုင်ပြည်နယ် စစ်တွေမြို့ ၀င်္ကဘာကွင်းအနီး ဘောင်းဒွတ်သားစု ရပ်ကွက်မှာ နေအိမ်တလုံး မီးလောင်ကျွမ်းခဲ့ပါသေးတယ်။
ဓာတ်ပုံ - ထူပါ၊ ကျော်အေးသန်း၊ သတင်း - ဇော်ခ