မြောက်ဦးနှင့် စစ်တွေတွင် မီးလောင် (ဓာတ်ပုံ)

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ဘုရားပေါ်ရပ်ကွက် လောကမူအုပ်စု လမ်းမတန်းမှာ ဝါယာရှော့ကတဆင့် မီးလောင်ကျွမ်းမှုကြောင့် နေအိမ် ၃ လုံး ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ ဒီကနေ့ နေ့လယ် ၁ နာရီခန့်က စတင်လောင်ကျွမ်းတာဖြစ်ပြီး ညနေ ၄ နာရီအချိန်မှာ မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။ ဒီကနေ့ မနက် ၁၀ နာရီခန့်ကလည်း ရခိုင်ပြည်နယ် စစ်တွေမြို့ ၀င်္ကဘာကွင်းအနီး ဘောင်းဒွတ်သားစု ရပ်ကွက်မှာ နေအိမ်တလုံး မီးလောင်ကျွမ်းခဲ့ပါသေးတယ်။ ဓာတ်ပုံ - ထူပါ၊ ကျော်အေးသန်း၊ သတင်း - ဇော်ခ  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up