ဂျပန်တွင် ဂလိုက်ဒါယာဉ်တစီး နေအိမ်များပေါ် ပျက်ကျ (ရုပ်သံ)

ဂျပန်နိုင်ငံမြို့တော် တိုကျိုရဲ့မြို့စွန် ချိဘခရိုင်မှာ ဂလိုက်ဒါယာဉ်က အိမ်တွေပေါ် ပျက်ကျခဲ့တာကြောင့် အမျိုးသား ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဂျပန်ရုပ်သံ အန်အိတ်ခ်ျကေက ဒီနေ့ ကြေညာပါတယ်။ လေယာဉ်တောင်ပံက အိမ်နီးချင်းရဲ့ အိမ်အမိုးကို ပျက်စီးစေခဲ့ပါတယ်။ ကယ်ဆယ်ရေးလုပ်သားတွေနဲ့ ရဲတွေက အခင်းဖြစ်ရာကို လာရောက် စစ်ဆေးခဲ့ပါတယ်။ ဂလိုက်ဒါယာဉ်က ၅၂ ပေ ကျယ်ပြီး ကီလို ၃၇၀ လေးပါတယ်။ အင်ဂျင်မပါဘူးလို့ အန်အိတ်ခ်ျကေက ပြောပါတယ်။ ဒီနေ့မွန်းလွဲပိုင်းက အိဘရခိခရိုင် အိုးတိုနဲ လေဆိပ်ကနေ ထွက်ခွာလာတာဖြစ်ပြီး ပျက်ကျတဲ့နေရာနဲ့ ၁၃ ကီလိုမီတာ ဝေးတယ်လို့ အန်အိတ်ခ်ျကေက ပြောခဲ့ပါတယ်။

More News
Up