ပြင်သစ်ဟိုတယ်အုပ်စု Accor က မြန်မာနိုင်ငံတွင် ဟိုတယ် ၆ လုံး ထပ်မံဖွင့်လှစ်မည်
DVB
·
March 17, 2016
ကမ္ဘာကျော်ဟိုတယ်လုပ်ငန်းအုပ်စုတခုဖြစ်တဲ့ ပြင်သစ်အခြေစိုက် Accor ဟာ မြန်မာနိုင်ငံမှာ ဟိုတယ် ၆ လုံးနဲ့ ထိုင်းနိုင်ငံမှာ ၈ လုံးအပါအ၀င် အရှေ့တောင်အာရှ ဒေသတွင်း စုစုပေါင်း ဟိုတယ် ၁၇ လုံးထက်မနည်း ထပ်မံဖွင့်လှစ်သွားမယ်လို့ မတ်လ ၁၆ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။
ဒါဟာ အရှေ့တောင်အာရှဒေသမှာ မြင့်တက်လာတဲ့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုး တက်မှုကြောင့်ဖြစ်တယ်လို့ Accor က ပြောလိုက်တာပါ။
Accor အနေနဲ့ လက်ရှိမှာတော့ ထိုင်းနိုင်ငံမှာ ဟိုတယ်အလုံး ၆၀ နဲ့ မြန်မာနိုင်ငံ မှာ ၃ လုံးလည်ပတ်နေတာပါ။
လာမယ့် ၂၀၁၉ ခုနှစ်မှာ ထိုင်းနိုင်ငံဈေးကွက်ဟာ အရှေ့တောင်အာရှမှာ အကြီး မားဆုံးဖြစ်လာဖို့ မျှော်လင့်တယ်လို့ Accor ရဲ့ အရှေ့တောင်နဲ့ အရှေ့မြောက်အာရှဆိုင် ရာ အမှုဆောင်အရာရှိချုပ် ပက်ထရစ်ဘေ့စ်ဆက်က ပြောပါတယ်။
Accor ဟိုတယ်အုပ်စုဟာ Sofitel, Pullman, Mgallery, Novotel, Mercure, The Sebel, Hotel Formula 1 စတဲ့အမည်တွေနဲ့ နိုင်ငံပေါင်း ၉၂ နိုင်ငံမှာ ဟိုတယ်နဲ့ အပန်းဖြေစခန်းလုပ်ငန်းလည်ပတ်နေတဲ့ စီးပွားရေးလုပ်ငန်းတခုဖြစ်ပါတယ်။