ကနီမြို့နယ် ပေါက်အင်းကျေးရွာ ရေခန်းခြောက် (ဓာတ်ပုံ)

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် ပေါက်အင်းကျေးရွာမှာ ရေကန်များ ခန်းခြောက်လာတဲ့ အတွက် သုံးစွဲဖို့ ရေအခက်အခဲဖြစ်ကာ အရေးပေါ်အကူညီတွေ လိုအပ်နေတယ်လို့ သိရပါ တယ်။ အဆိုပါကျေးရွာဟာ ရှေးယခင်ကတည်းက ရေရှားပါးသည့်နေရာဖြစ်ကာ ကန်ရေကိုသာ အဓိက အားထားသုံးစွဲနေရပါတယ်။ အခုနှစ်မှာတော့ ကျေးရွာမှာရှိတဲ့ ရေကန် ၆ ကန်အနက် ၅ ကန်ဟာ ရေခန်းခြောက် သွားခဲ့ပြီး ရေကန်သာ ၁ ကန်သာ ၁၅ ရက်စာလောက်ပဲ သုံးစွဲဖို့အတွက် ရေအနည်းငယ် ကျန်ရှိတော့ကြောင်း သိရပါတယ်။ ဒါ့အပြင် ကျန်ရှိတဲ့ ရေအနည်းငယ်ဟာလည်း နွံများနဲ့ နောက်ကျိနေတာကြောင့် သုံးစွဲဖို့ အခက်အခဲ ဖြစ်နေကြရတယ်လို့ ကနီမြို့နယ်အမှတ် ၂ မဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးထွန်းထွန်းဝင်းက ပြောကြားပါတယ်။ ကျေးရွာမှာ ပေ ၅၀၀ လောက် စက်ရေတွင်းတူးပေမယ့်လည်း မအောင်မမြင် ဖြစ်ခဲ့ရပြီး သိန်း ၅၀၀ နီးပါး ကုန်ကျသွားတယ်လို့ သိရပါတယ်။ ပေါက်အင်းကျေးရွာမှာ အိမ်ခြေ ၂၄၅ အိမ်ရှိပြီး လူဦးရေ ၁၄၅၀ ဦးရှိကြောင်း သိရပါတယ်။ သတင်းဓာတ်ပုံ - ရန်နိုင်စိုး  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up