ဘုရင့်နောင်ဈေးမီးလောင်၊ မီးသတ်ဝန်ထမ်းများအပါအ၀င် ၁၁ ဦး ဒဏ်ရာရ






5.4K
မတ်လ ၁၆ ရက်နေ့ မနက် ၉ နာရီ ၂၀ မိနစ်က ဘုရင့်နောင်ဈေး မီးလောင်မှုမှာ ဝင်ရောက်ငြိမ်းသတ်ပေးတဲ့ မီးသတ်တပ်ဖွဲ့ဝင် ၄ ဦး၊ စည်ပင်ဝန်ထမ်း ၁ ဦး၊ ဝင်ရောက်ကူညီသူ ၆ ဦး ထိခိုက်ဒဏ်ရာရှိ ခဲ့ပါတယ်။
ဘုရင့်နောင်ဈေး ရုံ(ခ)၊ ရုံးကြီး ၁၄ မှာရှိတဲ့ ကားပစ္စည်းအရောင်းဆိုင်ခန်းပေါင်း ၃၆ ခန်း မီးလောင်လောင်ခဲ့ပြီး မီးသတ်တပ်ဖွဲ့က level 3 အဆင့်သတ်မှတ်ကာ ရန်ကုန်တိုင်းအတွင်းမှာ ရှိတဲ့ မီးသတ်ကားပေါင်း အစီးရေ ၄၀ ကျော်က လာရောက် ငြိမ်းသတ်ပေးခဲ့တာကြောင့် ၂ နာရီကျော်ကြာ ငြိမ်းသတ်ခဲ့ပြီး မနက် ၁၀ နာရီ မိနစ် ၄၀ မှာ ငြိမ်းသတ်နိုင်ခဲ့ပါတယ်။
အခုမီးဟာ ဘုရင့်နောင့်ပွဲရုံကို လျှပ်စစ်မီးမပေးခင်အချိန်မှာ လောင်ကျွမ်းခဲ့တာဖြစ်လို့ ပေါ့ဆမီး ဖြစ်တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ညွန်ကြားရေးမှူး ဦးသော်တာက ပြောပါတယ်။
ဓာတ်ပုံ - ဟိန်းကို