Home
မြန်မာသတင်း
ငြိမ်း​ချမ်း​ရေး​ကိစ္စ ​ဆောင်ရွက်မည့်​အဖွဲ့​တခု အစိုး​ရက တရား​ဝင် အမိန့်​ထုတ်ပြန်ဖွဲ့​ပေး​မည်
DVB
·
August 10, 2011
ဩဂုတ် ၂၂ ရက်​နေ့​မှာ ပြန်လည်ကျင်း​ပမယ့်​ လွှတ်​တော်အတွင်း​ ကချင်ပြည်လွတ်လပ်​ရေး​အဖွဲ့​ (​ကေအိုင်အို) အ​ရေး​နဲ့​ ပတ်သက်လို့​ ​ဆွေး​နွေး​သွား​ဖို့​ရှိ​နေပြီး​ တိုင်း​ရင်း​သား​ လက်နက်ကိုင်အဖွဲ့​တွေနဲ့​ အစိုး​ရ အကြား​ ငြိမ်း​ချမ်း​ရေး​ကိစ္စရပ် ​ဆွေး​နွေး​ရေး​အတွက် အဖွဲ့​တခု ဖွဲ့​စည်း​ဖို့​ ရှိ​နေပါတယ်။ [caption id="attachment_13969" align="alignright" width="310" caption="ဗိုလ်မှူးကြီး သန်းအောင် (ဓာတ်ပုံ - ဒီဗွီဘီ)"][/caption] ကချင်ပြည်နယ် တည်ငြိမ်း​အေး​ချမ်း​မှု ညှိနှိုင်း​ရေး​အဖွဲ့​နဲ့​ ​ကေအိုင်အို ကိုယ်စား​လှယ်​တွေအကြား​ ဩဂုတ်လ ၂ ရက်​နေ့​က လိုင်ဇာဌာနချုပ်အနီး​ လဂျား​ယန်ရှိ ​ကေအိုင်အို ဆက်ဆံ​ရေး​ရုံး​မှာ ပြုလုပ်တဲ့​ အပစ်ရပ်​ရေး​ ​ဆွေး​နွေး​ပွဲအတွင်း​ ကချင်ပြည်နယ် လုံခြုံ​ရေး​နှင့်​ နယ်စပ်​ရေး​ရာဝန်ကြီး​ ဗိုလ်မှူး​ကြီး​ သန်း​အောင်က အခုလို ​ပြောဆိုခဲ့​တာပါ။ “နိုင်ငံ​တော်ရဲ့​ အမြင့်​ဆုံး​ဖြစ်တဲ့​ လွှတ်​တော်မှာ ​ကေအိုင်အိုအ​ရေး​ကို တင်ပြ​ဆွေး​နွေး​သွား​မယ်။ ဒါလည်း​ ကျ​နော်တို့​ ပြည်နယ်လွှတ်​တော်အဖွဲ့​ကော ကျန်တဲ့​အ​နေအထား​ကော အား​လုံး​ ပြင်ဆင်​ဆောင်ရွက်​နေပြီဖြစ်ပါတယ်။ ​နောက်တချက်က ဘယ်လို​ဆောင်ရွက်မလဲ အ​နေအထား​က​တော့​ တလအတွင်း​မှာ နိုင်ငံ​တော်က ငြိမ်း​ချမ်း​ရေး​ဆိုင်ရာ ​ဆွေး​နွေး​နိုင်ဖို့​အတွက် အဖွဲ့​အစည်း​တခု တရား​ဝင် အမိန့်​ထုတ်ပြန် ​ကြေညာသွား​ဖို့​၊​ အဲဒီအဖွဲ့​မှာ မြစ်ကြီး​နား​မြို့​နယ် ပြည်သူ့​လွှတ်​တော် ကိုယ်စား​လှယ် ဦး​သိန်း​ဇော်အ​နေနဲ့​ ပထမ သို့​မဟုတ် ဒုတိယ ​ခေါင်း​ဆောင်အဖြစ် ပါဝင်​ဆောင်ရွက်မှာ ဖြစ်တယ်။ အစိုး​ရက ဖွဲ့​ပေး​မယ့်​ ငြိမ်း​ချမ်း​ရေး​အဖွဲ့​မှာ ​ခေါင်း​ဆောင်တ​ယောက်အဖြစ် ပါဝင်မယ့်​ ယခင် ဆက်သွယ်​ရေး​၊​ စာတိုက်၊​ ​ကြေး​နန်း​ဝန်ကြီး​ဟောင်း​လည်း​ ဖြစ်သူ မြစ်ကြီး​နား​မြို့​နယ် ပြည်သူ့​လွှတ်​တော်အမတ် ဦး​သိန်း​ဇော်ဟာ ကချင်ပြည်နယ် ကြံ့​ဖွံ့​ပါတီ တာဝန်ခံလည်း​ ဖြစ်ပါတယ်။ ပြီး​ခဲ့​တဲ့​ ဇွန်လဆန်း​ပိုင်း​ကစလို့​ ​ကေအိုင်​အေနဲ့​ မြန်မာအစိုး​ရတပ်​တွေအကြား​ တိုက်ပွဲ​တွေ စဖြစ်ပြီး​ မကြာမီမှာ ဦး​သိန်း​ဇော်က အပစ်ရပ်​ရေး​ ကမ်း​လှမ်း​မှု​တွေ လုပ်ခဲ့​ဖူး​ပြီး​ သမ္မတဦး​သိန်း​စိန်ရဲ့​ ခွင့်​ပြုချက်အရ ကချင်ပြည်နယ် တည်ငြိမ်း​အေး​ချမ်း​မှု ညှိနှိုင်း​ရေး​အဖွဲ့​ကို တိုက်ရိုက်ဆက်သွယ်ညွှန်ကြား​နေသူလို့​ အများ​က ယူဆ​နေကြပါတယ်။    
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024