သစ်သားခုံ ၂၄ လုံးကို တပြိုင်တည်း သွားနှင့်ကိုက်ချီ မပြခဲ့သူ ဂင်းနစ်စံချိန်ချိုး

ဓာတ်ပုံ - စီစီတီဗွီ
တရုတ်နိုင်ငံသား လီဟောင်ရှိုဟာ အလေးချိန် ၇၅ ကီလိုဂရမ်ရှိ သစ်သားခုံ ၂၄ လုံးကို တပြိုင်တည်း သွားနဲ့ကိုက်ချီ မပြခဲ့ကာ သူကိုယ်တိုင် အရင်က  တင်ထားခဲ့တဲ့ ဂင်းနစ်မှတ်တမ်းစံချိန်ကို ချိုးပြခဲ့ပါတယ်။ အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လီဟာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ ချောင်ကျင်းမြို့အနီး ဒါဇူးရွာမှဖြစ်ကာ ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့မှာ သစ်သားခုံ ၂၄ လုံးကို ဆယ်စက္ကန့်ကြာ မတင်ထားပြီး စံချိန်ချိုး သရုပ်ပြနိုင်ခဲ့တာပါ။ ၂၀၁၂ ခုနှစ်မှာတော့ သူဟာ အလေးချိန် ၇၀ ကီလိုဂရမ်ရှိ သစ်သားခုံ ၂၃ လုံးကို သွားနဲ့ ကိုက်ချီမပြပြီး ဂင်းနစ်မှတ်တမ်း ၀င်ခဲ့တာပါ။ လီဟာ အသက် ၈ နှစ်အရွယ်တည်းက ရိုးရာခြင်္သေ့အကကို စတင်လေ့လာခဲ့သူပါ။ အဲဒီအချိန်တည်းက ခြင်္သေ့အကအဖွဲ့တွေနဲ့အတူ တခြားသော စွမ်းရည်ပြ လှုပ်ရှားမှုတွေ လုပ်နိုင်ဖို့ လေ့ကျင့်ခဲ့တယ်လို့ တရုတ်ပြည်သူ့နေ့စဉ်သတင်းမှာ ဖော်ပြပါတယ်။ ခုလို လေးလံတဲ့ အရာဝတ္ထုတွေကို မထားနိုင်မယ့် စွမ်းရည်ပြည့်ဝဖို့ဆိုတာ မလွယ်ကူလှပါဘူး။ လီဟာ နေ့စဉ် ၃ ကီလိုမီတာ အကွာအဝေးရှိတဲ့ခရီးကို အပြေးလေ့ကျင့်တာတွေ၊ သွားခိုင်မာအောင် ထိန်းသိမ်းတာတွေ၊ ရေခဲတုံးတွေကို ကိုက်ဝါးတာတွေ၊ ပန်းခြံထဲက ခုံရှည် ၂၀ ကို နေ့စဉ် မပြီး လေ့ကျင့်တာတွေကို ပြုလုပ်ခဲ့ရတာပါ။ ခုချိန်မှာတော့ လီဟာ အရင်ကထက် ကျော်ကြားလာခဲ့ပြီး ကိုယ်ပိုင်မီဒီယာကုမ္ပဏီတခုကို ဦးဆောင်နိုင်ခဲ့ပါပြီ။ သူ့ဆီက စွမ်းရည်ပြ လှုပ်ရှားမှုတွေ သင်ချင်တဲ့ ကျောင်းသားတွေလည်း ရှိနေပြီး နယ်လှည့်ဖျော်ဖြေတာတွေလည်း လုပ်ဆောင်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

More News
Up