ဒဏ်ရာမှသက်သာလာသည့် ယာယာတိုရေး ယနေ့ည ချန်ပီယံလိဂ်ပွဲတွင် ပါဝင်မည်

ဓာတ်ပုံ - ရိုက်တာ
879
ဒဏ်ရာကနေ သက်သာလာတဲ့ မန်စီးတီး ကွင်းလယ်ကစားသမား ယာယာတိုရေးဟာ မတ်လ ၁၅ ရက် ဒိုင်နမိုကိယက်ဗ်နဲ့ ကစားမယ့် ချန်ပီယံလိဂ် ရှုံးထွက် ဒုတိယအကျော့ပွဲစဉ်မှာ ပြန်လည်ပါဝင်လာမှာ ဖြစ်ပါတယ်။
အသက် ၃၂ နှစ်အရွယ် တိုရေးဟာ ဒဏ်ရာကြောင့် ပြီးခဲ့တဲ့တပတ်က နောဝ်စ်ခ်ျနဲ့ ဂိုးမရှိ သရေကျတဲ့ပွဲမှာ ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။
စီးတီးနည်းပြ ပယ်လီဂရီနီကတော့ ယာယာတိုရေးရဲ့ ဒဏ်ရာက ပြဿနာ မရှိဘူးလို့ ပြောပါတယ်။
မန်စီးတီးဟာ ရှုံးထွက် ပထမအကျော့မှာ ဒိုင်နမိုကိယက်ဗ်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရထားပါတယ်။
ဒါကြောင့် ဒီည အိမ်ကွင်းမှာ ကစားမယ့် ပွဲစဉ်မှာ မန်စီးတီးဟာ ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်မှာ ကွာတားဖိုင်နယ်ကို တက်နိုင်ဖို့ ရေပန်းစားနေပါတယ်။