ပရီးမီးယားလိဂ်ပွဲစဉ် လက်ဆက်စတာ ၁ – ၀ နယူးကာဆယ် (ရုပ်သံဟိုက်လိုက်)

2.3K
မတ်လ ၁၄ ရက် ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ကြားပွဲစဉ်မှာ လက်ဆက်စတာစီးတီးက နယူးကာဆယ်ကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
အိမ်ကွင်းမှာယှဉ်ပြိုင်တဲ့ ဒီပွဲမှာ လက်ဆက်စတာအတွက် အနိုင်ဂိုးကို ၂၅ မိနစ်မှာ တိုက်စစ်မှူး အိုကာဇာကီက သွင်းယူပါတယ်။
ဒီပွဲနိုင်တဲ့ လက်ဆက်စတာက ဒုတိယနေရာက စပါးအသင်းကို ၅ မှတ် ဆက်ပြီး ဖြတ်ထားနိုင်ခဲ့ပါတယ်။
နယူးကာဆယ် နည်းပြသစ် ဘင်နီတက်ဇ်အတွက်တော့ ပထမဆုံးကိုင်တွယ်တဲ့ ပွဲမှာပဲ ရှုံးပွဲတွေ့သွားတာ ဖြစ်ပါတယ်။
ဒီပွဲမှာ နယူးကာဆယ်အသင်း ကစားပုံ တိုးတက်လာပြီး ချေပဂိုးသွင်းနိုင်ဖို့လည်း နီးစပ်ခဲ့ပါတယ်။
နယူးကာဆယ်က အပြန်အလှန် ထိုးဖောက် ကစားနိုင်ခဲ့သလို ကန်သွင်းခွင့်လည်း ရခဲ့ပါတယ်။
ဒီပွဲနိုင်တဲ့ လက်ဆက်စတာက ၆၃ မှတ်နဲ့ ဇယားထိပ်မှာ ဆက်ဦးဆောင်နေပြီး နယူးကာဆယ်က ၂၄ မှတ်နဲ့ တန်းဆင်းဇုန် အဆင့် ၁၉ မှာ ရပ်တည်နေပါတယ်။