Sunday, May 28, 2023
HomeLead Storyလေယာဉ်ဆင်းသက်စဉ် ငှက်အုပ်နှင့် တိုက်မိပြီး ခရီးစဉ် ရပ်ဆိုင်းခဲ့ရ

လေယာဉ်ဆင်းသက်စဉ် ငှက်အုပ်နှင့် တိုက်မိပြီး ခရီးစဉ် ရပ်ဆိုင်းခဲ့ရ

အီဂျစ်အဲလေကြောင်းပိုင် ဘိုးအင်း ၇၃၇-၈၀၀ လေယာဉ်တစီးဟာ မြေပြင်ဆီ ဆင်းသက်ချိန်မှာ ငှက်အုပ်နဲ့ တိုက်မိခဲ့ပြီး လေယာဉ်ဦးပိုင်းမှာ အပေါက်ကြီးတပေါက် ဖြစ်သွားခဲ့ပါတယ်။

အဲဒီလေယာဉ်ဟာ ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့က အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့ကနေ လန်ဒန်မြို့ဆီ ထွက်ခွာလာချိန် ဟိသ်ရိုးလေဆိပ်အဆင်းမှာ ခုလိုဖြစ်ခဲ့တာပါ။

အဲဒီလေယာဉ်ပေါ်မှာ ခရီးသည် ၇၁ ဦး ပါဝင်ပြီး ကိုင်ရိုမြို့ဆီ ပြန်ထွက်ခွာရမှာ ဖြစ်ပေမယ့် ခုလိုဖြစ်ခဲ့တဲ့အတွက် ခရီးစဉ်ကို ရပ်ဆိုင်းလိုက်ရတယ်လို့ ဒေးလီးမေးလ်သတင်းမှာ ဖော်ပြပါတယ်။

အီဂျစ်အဲလေကြောင်းလိုင်းမှ လေယာဉ်မောင်းသူ စတီဗင်ဒရိတ်ပါက ငှက်တွေနဲ့ တိုက်ခိုက်မိဖို့ဆိုတာ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေပိုများတဲ့ နေရာတွေမှာ ဖြစ်ခဲပြီး လေယာဉ်ဆင်းသက်ချိန်မှာ မတော်တဆဖြစ်တာမျိုး ဖြစ်တယ်လို့ ပြောပါတယ်။

များသောအားဖြင့် ငှက်အုပ်စုတွေဟာ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၃၀၀၀ အောက်မှာသာ အုပ်စုလိုက်ရှိနေတတ်တာဖြစ်ပြီး အမြင့်ပေ ၁၀၀၀၀ ကျော်မှာတော့ တွေ့ရနည်းသွားတယ်လို့ ဆိုပါတယ်။

ဒီမတော်တဆမှုကြောင့် လေယာဉ်ဦးပိုင်းနေရာအနီးမှာ သွေးစသွေးနတွေနဲ့အတူ အပေါက်ကြီးတပေါက် ဖြစ်ခဲ့တာပါ။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular