အိုင်ဗရီကို့စ် အပန်းဖြေကမ်းခြေတွင် သေနတ်သမားများ ပစ်ခတ်၊ အနည်းဆုံး ၁၂ ဦး သေဆုံး

ဓာတ်ပုံ - ရိုက်တာ
အိုင်ဗရီကို့စ်နိုင်ငံ အရှေ့ပိုင်းက စီးပွားရေးမြို့တော် ဂရန်းဘတ်စမ်မြို့ ကမ်းခြေမှာ အပန်းဖြေနေသူတွေကို သေနတ်သမားတွေက မတ်လ ၁၃ ရက်နေ့က ပစ်ခတ်ခဲ့လို့ ဥရောပနိုင်ငံသား ၄ ဦး အပါအဝင် အနည်းဆုံး ၁၂ ဦး သေဆုံးတယ်လို့ ရဲနဲ့ မျက်မြင်သက်သေတွေက ပြောပါတယ်။ အခင်းဖြစ်ပွားရာ နေရာဟာ ကမ်းခြေတွေ၊ အရက်ဆိုင်တွေ၊ ဟိုတယ်တွေကြောင့် အနောက်နိုင်ငံသားတွေကြားမှာ လူကြိုက်များပါတယ်။ လုံခြုံရေးတပ်တွေက ပတ်ဝန်းကျင်ကို ရှင်းလင်းဖို့ ရောက်လာပါပြီ။ သေနတ်သမားတွေ ဘယ်သူဘယ်ဝါဆိုတာ မဖော်ထုတ်နိုင်သေးသလို သူတို့ဟာ ဘယ်စစ်သွေးကြွ အုပ်စုကလည်းဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အရင် ၂ လက အိမ်နီးချင်း ဘာကီနာဖာဆို နိုင်ငံရဲ့ မြို့တော်မှာ နိုင်ငံခြားသားတွေ မကြာခဏ လာလေ့ရှိတဲ့ ဟိုတယ်နဲ့ ကော်ဖီဆိုင်မှာ အစ္စလာမ္မစ် တိုက်ခိုက်ရေးသမားတွေက ဒါဇင်နဲ့ချီတဲ့ လူတွေကို သတ်ခဲ့ပါသေးတယ်။ ဒါကြောင့် အနောက်အာဖရိကမှာ စစ်သွေးကြွ အကြမ်းဖက်မှုတွေ ပြန့်လာမှာကို စိုးရိမ်နေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up