နှာခေါင်းနှစ်ခုပါသည့် ခွေးကလေး (ရုပ်သံ)

1.4K
သင်တို့ရဲ့ အိမ်မွေးခွေးလေးတွေ ဘယ်လိုအနံ့ခံကြပါသလဲ။
သြစတြေးလျ ရှက်ဖာ့ဒ် အမျိုးအစား ခွေးကလေး တိုဘီကတော့ အံ့သြစရာ နှာခေါင်း ၂ ခုနဲ့ မွေးဖွားလာခဲ့တာပါ။
“ဒါဟာ သူ့အတွက် စိတ်အနှောင့်အယှက် လုံးဝမဖြစ်စေပါဘူး” လို့ ပိုင်ရှင်ဖြစ်တဲ့ တော့ဒ်ရေးက ပြောပါတယ်။
တော့ဒ်ရေးဟာ အောင်မြင်တဲ့ တေးသီချင်းထုတ်လုပ်သူတဦးဖြစ်ပြီး တိုဘီကို ခွေးထိန်းသိမ်းစောင့်ရှောက်ရေး ဂေဟာတခုကနေ ကောက်ယူမွေးစားခဲ့တာပါ။
တိုဘီဟာ အသက် ၂ နှစ်အရွယ် ရှိနေပြီဖြစ်ကာ ချစ်စရာကောင်းပြီး အဆော့သန်တဲ့ ခွေးကလေးတကောင်ဖြစ်တယ်လို့ တယ်လီဂရပ်ဖ်သတင်းက ဆိုပါတယ်။
တိုဘီကို မူလပိုင်ရှင်တွေက စွန့်ပစ်ခဲ့ကြတဲ့အတွက် တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေး ဂေဟာတခုကို ရောက်ခဲ့တာပါ။
ပြီးခဲ့တဲ့နှစ်ကတော့ တော့ဒ်ရေးဟာ အဲဒီသတင်းကို ကြားပြီး အဆိုပါဂေဟာကနေ တိုဘီကို ကောက်ယူမွေးစားခဲ့ပါတယ်။
“ကျနော်က ထူးဆန်းတဲ့ တိရစ္ဆာန်တွေကို သဘောကျတယ်။ သူတို့ရဲ့ သာမန်နဲ့ မတူညီမှုတွေဆီက ရရှိတဲ့ လှပပြီး မှော်ဆန်တဲ့ အပြုအမူတွေကို ကျနော်တို့တွေ့နိုင်တယ်။ တခုပဲ ၀မ်းနည်းစရာကောင်းတာက နှာခေါင်း ၂ ခုနဲ့ မွေးဖွားလာတဲ့ ခွေးကလေးကို မွေးစားမယ့်သူမရှိခင် လူတွေက စွန့်ပစ်ထားခဲ့ကြတာပါပဲ။”