၈ မိုင်ကုန်းကျော်တံတား ဖြတ်သန်းသွားလာခွင့်ပေးမည်
DVB
·
March 14, 2016
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်မှာ တည်ဆောက်နေတဲ့ ၈ မိုင်ကုန်းကျော် တံတားကို မတ်လ ၁၅ ရက်နေ့မှာ ဖြတ်သန်းခွင့်ပေးသွားမယ်လို့ တံတားစီမံကိန်း တာဝန်ရှိသူတဦးက ပြောပါတယ်။
တံတားဖွင့်ပွဲကိုတော့မတ်လ ၂၃ ရက်နေ့ တပေါင်းလပြည့်နေ့မှာ ပြုလုပ်သွားမှာဖြစ်ပြီး ဖွင့်ပွဲလုပ်ဖို့ ပြင်ဆင်ဖို့အတွက် မတ်လ ၂၀ ရက်နေ့မှာ ခေတ္တပြန်ပိတ်ထားမှာ ဖြစ်ပါတယ်။
၈ မိုင်ကုန်းကျော်တံတားကို Crown Advanced Construction Company က တာဝန်ယူ တည်ဆောက်ပေးပါတယ်။ ရန်ကုန်မြို့တွင်းမှာ လှည်းတန်း၊ မြေနီကုန်း၊ ရွှေဂုံတိုင် ကုန်းကျော် တံတားနဲ့ ဘုရင့်နောင်ကုန်းကျော်တံတားတွေကို တည်ဆောက်ပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။
လက်ရှိမှာတော့ တာမွေဂုံကျော်တံတားကတော့ ဆောက်လုပ်နေဆဲဖြစ်ပါတယ်။