၈ မိုင်ကုန်းကျော်တံတား ဖြတ်သန်းသွားလာခွင့်ပေးမည်

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်မှာ တည်ဆောက်နေတဲ့ ၈ မိုင်ကုန်းကျော် တံတားကို မတ်လ ၁၅ ရက်နေ့မှာ ဖြတ်သန်းခွင့်ပေးသွားမယ်လို့ တံတားစီမံကိန်း တာဝန်ရှိသူတဦးက ပြောပါတယ်။ တံတားဖွင့်ပွဲကိုတော့မတ်လ ၂၃ ရက်နေ့ တပေါင်းလပြည့်နေ့မှာ ပြုလုပ်သွားမှာဖြစ်ပြီး ဖွင့်ပွဲလုပ်ဖို့ ပြင်ဆင်ဖို့အတွက် မတ်လ ၂၀ ရက်နေ့မှာ ခေတ္တပြန်ပိတ်ထားမှာ ဖြစ်ပါတယ်။ ၈ မိုင်ကုန်းကျော်တံတားကို Crown Advanced Construction Company က တာဝန်ယူ တည်ဆောက်ပေးပါတယ်။ ရန်ကုန်မြို့တွင်းမှာ လှည်းတန်း၊ မြေနီကုန်း၊ ရွှေဂုံတိုင် ကုန်းကျော် တံတားနဲ့ ဘုရင့်နောင်ကုန်းကျော်တံတားတွေကို တည်ဆောက်ပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိမှာတော့ တာမွေဂုံကျော်တံတားကတော့ ဆောက်လုပ်နေဆဲဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up