ရန်ကုန်-စစ်တွေ ခရီးသည်တင်ကား မီးလောင် (ဓာတ်ပုံ)

ရန်ကုန်-စစ်တွေ ပြေးဆွဲနေတဲ့ ခရီးသည်တင် Express ကားတစ်စီးဖြစ်တဲ့ အောင်ပြည့်စုံ အမြန်ကား မနေ့က  မင်းပြားမြို့နယ် ကြက်ယက်ကျေးရွားအနီး မိုင်တိုင်အမှတ် ၈၅/၄ နှင့် ၈၅/ ၅ အကြားမှာ ကားနောက်ခန်း အင်ဂျင်အခန်းက ၀ါယာရှော့ဖြစ်ပြီး မီးလောင်ကျွမ်းသွားပါတယ်။ မီးလောင်မှုကြောင့် ကားတစ်စီးလုံး ပျက်စီးဆုံးရှုံးသွားတဲ့အပြင် ကားပေါ်မှာပါလာတဲ့ ကုန်ပစ္စည်း အားလုံးဆုံးရှုံးသွားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်ကားပေါ်မှာပါလာတဲ့ ခရီးသည်တစ်ဦး တစ်ယောက်မှထိ ခိုက်ဒဏ်ရာရမှုမရှိဘူးလို့ မင်းပြားမြို့နယ်၊ မီးသတ်ဦးစီးဌာနမှူး ဦးစံထွန်းက ဒီဗွီဘီကို ပြောပါတယ်။ ကားရဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ပမာဏဟာ ကျပ်သိန်း ၁၅၀ နှင့် ကားပေါ်မှာပါလာတဲ့ ကုန်ပစ္စည်းတန်ဖို့ ကျပ်သိန်း ၃၀ ဖြစ်ကြောင်းစုစုပေါင်း ကျပ်သိန်း ၁၈၀ ဖို့ ဆုံးရှုံးသွားပြီး စုစုပေါင်းခရီးသည် ၅၂ ဦးလိုက်ပါလာတယ်လို့ ပြောပါတယ်။ မီးလောင်မှုအတွက် ယာဉ်မောင်းကို မင်းပြားမြို့မရဲစခန်းက အမှုဖွင့် စစ်ဆေးနေပါတယ်။  (သတင်း - ဇော်ခ၊ ဓာတ်ပုံ - ဝေဖြိုးအောင်)  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up