Home
သတင်းဓာတ်ပုံ
မိုင်းခတ်မြို့နယ် အင်လုံကျေးရွာမီးလောင်၊ အကူအညီများ လိုအပ်
DVB
·
March 14, 2016
ရှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်မြို့နယ် နောင်လုံကျေးရွာအုပ်စု အင်လုံရွာမှာ မတ်လ ၁၂ ရက်နေ့ ညနေ ၄ နာရီခွဲလောက်က မီးလောင်မှုဖြစ်ပွားခဲ့တဲ့အတွက် အိမ်ခြေ ၅၃ လုံးရှိတဲ့အနက် ၄၈ လုံးမီးလောင်ကျွမ်းသွားခဲ့ပါတယ်။ ညနေပိုင်း ထမင်းဟင်းချက်ရာကနေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီးတရွားလုံး ပြာကျသွားလို မိုင်းခတ်မြို့က ဦးထွန်းနေနွန်းအောင်က ပြောပါတယ်။ “ထမင်ဟင်း ချက်ရင်းနဲ့ ပေါ့ဆမှုကြောင့် မီးလောင်မှုဖြစ်တာလို့ ပြောကြတယ်။ ” ရွာလုံးကျွတ်မီးလောင်သွားခဲ့တဲ့အတွက် စားဖို့သောက်ဖို့၊ နေဖို့အထိုင်ဖို့ အကူအညီတွေ အရေးတကြီးလိုအပ်နေတယ်လို့ ပြောပါတယ်။ အဆိုပါရွာဟာ အင်လူမျိုးတွေနေထိုင်တဲ့ တောင်ပေါ်ရွာလေးဖြစ်ပါတယ်။ မိုင်းခတ်မြို့နယ် ၁၆ မိုင်လောင်ကွာဝေးတယ်လို့ သိရပါတယ်။ ဓာတ်ပုံ - ဇော်မျိုးသိန်း  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024