Tuesday, May 30, 2023
HomeLead Storyသင်္ကြန်နီးလာသဖြင့် ငါးနှင့်ပုစွန်ခြောက်များ ဈေးတက်

သင်္ကြန်နီးလာသဖြင့် ငါးနှင့်ပုစွန်ခြောက်များ ဈေးတက်

မွန်ပြည်နယ် ရေးမြို့နယ်မှာ သင်္ကြန်ကာလနီးကပ်လာတဲ့အတွက်  ငါးခြောက် ပုစွန်ခြောက် ငါးနှံခြောက်တွေ ဈေးအနည်းငယ်မြင့်တက်လာပါတယ်။

အလှူမင်္ဂလာပွဲတွေအပြင် သင်္ကြန်ကာလနီးကပ်လာတဲ့အတွက် ဈေးကွက်အတွင်း ငါးခြောက်ကုန်းကြမ်း ပြတ်လပ်နေသလို ငါးခြောက်တစ်ပိသာကို တစ်သောင်းခြောက်ထောင်ကျပ်ကနေ နှစ်သောင်းကျပ်လောက်ထိ တက်သွားတယ်လို့ ရေးမြို့နယ်မှာ ငါးခြောက်ရောင်းချသူ ဒေါ်တင်အေးက ပြောပါတယ်။

ရေးမြို့နယ်မှာရှိတဲ့ အစင်၊ ဇီးဖြူသောင်၊ ဓမင်းဆိပ်၊ မြို့ဟောင်းကျားတန်းက တဆင့် ထွက်ရှိလာတဲ့ ငါးခြောက်ပုစွန်ခြောက် ကုန်ကြမ်းတွေဟာ ဈေးကွက်အတွင်း အရွယ်အစားပေါ်မူတည်ပြီး ငါးခြောက်ကုန်ကြမ်းအဝင်များတဲ့ လတွေမှာဈေးနှုန်းက ပုံမှန်ဈေးထက် သက်သာလျှော့နည်းပြီး အဝင်နည်းတဲ့ လတွေမှာတော့ ဈေးမြင့်တက်တယ်လို့ မော်လမြိုင်နဲ့ ရန်ကုန်ပွဲရုံတွေကို တင်ပို့ရောင်းချနေသူ ဦးကျော်မင်းဦးက ပြောပါတယ်။

သတင်းဓာတ်ပုံ – နေမျိုးထွဋ်

 

RELATED ARTICLES
- Advertisment -
Google search engine

Most Popular