သမိုင်းမြို့မ ဘုန်းကြီးကျောင်းဝင်းအတွင် သံချေးတက် ကျည်ဆန်များ တွေ့ရှိ

မရမ်းကုန်းမြို့နယ်၊ ၂ ရပ်ကွက်၊ သမိုင်းဘူတာရုံလမ်း သမိုင်းမြို့မ ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်းမှာ မတ်လ ၁၂ ရက်နေ့မနက်ပိုင်းက သံချေးတက်နေတဲ့  ကျည်ဆန်တွေ တွေ့ရှိခဲ့ပါတယ်။ သမိုင်းမြို့မ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ကျောင်းဆောင်သစ်ဆောက်လုပ်ဖို့အတွက် အလုပ်သမားတွေက  အလျား ၃ ပေ၊ အနံ ၂ ခွဲလောက် မြေကျင်းကို တူးဖော်စဉ် အနက် ၂ ပေခွဲလောက်အရောက်မှာ အသုံးမပြုရသေးဘဲ သံချေးတက်နေတဲ့ ၃၀၃ ရိုင်ဖယ်ကျည်ဆန် ၄၆ တောင့် (အသုံးပြုမရတော့) ကို တွေ့ခဲ့ရတယ်လို့ ရန်ကုန်ရဲတပ်ဖွဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြပါတယ်။ 12814622_808096002653002_8966665431554135982_nဒီကျည်ဆန်ဟောင်းတွေကို  မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်နယ်မြေရဲစခန်းက သိမ်းဆည်းထားတယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up