ပျောက်ဆုံး မြောက်ကိုရီးယား ရေငုပ်သင်္ဘောကို ရှာဖွေ (ရုပ်သံ)

မြောက်ကိုရီးယား ရေငုပ်သင်္ဘောတစင်း ရက်အတန်ကြာ ပျောက်ဆုံးနေတာကို ရှာဖွေနေတယ်လို့ အမေရိကန်မီဒီယာ စီအန်အန် ရုပ်သံသတင်းက ဆိုပါတယ်။ အရှေ့ဘက် ကမ်းရိုးတန်းမှာ လေ့ကျင့်နေတဲ့အချိန် စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းခဲ့ပြီးနောက် ပျောက်ဆုံးခဲ့တာ ဖြစ်ပြီး လမ်းပျောက်နေတာ၊ ဒါမှမဟုတ် နစ်မြုပ်သွားတာ တခုခု ဖြစ်နိုင်တယ်လို့ အမေရိကန် ထောက်လှမ်းရေး အရာရှိတွေကို ကိုးကားပြီး သတင်းက ဆိုပါတယ်။ မြောက်ကိုရီးယား နိုင်ငံပိုင် ရုပ်သံ ကေအာတီက ၂၀၁၄ နဲ့ ၂၀၁၅ မှာ ထုတ်လွှင့်ထားတဲ့ သတင်းတွေမှာ ကင်ဂျုံအန်းက ရေငုပ်သင်္ဘော လေ့ကျင့်ခန်းတခု စစ်ဆေးနေပုံကို တွေ့ရပါတယ်။ မြောက်ကိုရီးယားက ရေအောက်ကနေ မြေပြင်ကို လှမ်းပစ်နိုင်တဲ့ မစ်ဇိုင်းဒုံးကျည် ရှိနေပြီလို့ ဆိုပေမယ့် စောင့်ကြည့်သူတွေက သံသယရှိကြပါတယ်။ ပြီးခဲ့တဲ့ မတ် ၁၀ ရက်နေ့တုန်းကတော့ ကင်ဂျုံအန်းဟာ တာတိုပစ် မစ်ဇိုင်း ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုကို ကြည့်ရှုခဲ့ပါတယ်။ ဒီမတိုင်ခင် ရက်တွေတုန်းကလည်း ကင်က နျူကလီးယားလက်နက်ကို အချိန်မရွေး အသုံးပြုနိုင်အောင် အသင့်ပြင်ထားဖို့ သူ့တပ်ကို အမိန့်ပေးခဲ့တဲ့အကြောင်း ကေအာတီ သတင်းကပဲ ထုတ်လွှင့်ပြသခဲ့ပါတယ်။

More News
Up