ဒုတိယကမ္ဘာစစ်ကျန် အသက် ၁၁၂ နှစ်အရွယ် ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသား

ဂီးနက်စ် ကမ္ဘာ့စံချိန်မှတ်တမ်းမှာ ခရစ္စတယ်အမည်ရ အစ္စရေးနိုင်ငံသား အသက် ၁၁၂ နှစ်အရွယ်အဖိုးအိုက ကမ္ဘာ့အသက်အကြီးဆုံးအမျိုးသားအဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့ ယူပီအိုင်သတင်းမှာ မတ်လ ၁၂ ရက်နေ့က ဖော်ပြပါတယ်။ ၁၉၀၃ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ခရစ္စတယ်ဟာ ၁၉၄၀ ပြည့်နှစ်၊ ဒုတိယကမ္ဘာစစ်ကာ လတွေက အော့ဇ်ဝ်ခ်ျအကျဉ်းထောင်မှ အသက်ရှင်လွတ်မြောက်လာခဲ့သူတဦးဖြစ်ပြီး လက်ရှိမှာတော့ အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့မှာ နေထိုင်နေတာပါ။ “အသက်ရှည်နေထိုင်ခြင်းရဲ့ လျှို့ဝှက်ချက်ကို ကျနော်မသိပါဘူး။ အရာရာကို အပေါ်က ဆုံးဖြတ်တဲ့အတိုင်းဖြစ်လာတာလို့ ကျနော်ယုံကြည်ပါတယ်။ ဘာကြောင့်ဆိုတဲ့ အကြောင်းပြချက်ကို ကျနော်တို့မသိနိုင်ပါဘူး။ ကျနော့်ထက် ပိုပြီးကျန်းမာ၊ သန်စွမ်းကြ တဲ့ သူတွေထက် ကျနော်က ပိုပြီး အသက်ရှည်ရှည်နေရတယ်။ အားလုံးဟာ ကျနော် တို့အတွက် တတ်နိုင်သမျှ ကြိုးစားရှင်သန်ပြီး နေထိုင်ကြဖို့နဲ့ ဘာတွေပျောက်ဆုံးခဲ့လဲဆို တာတွေကို ပြန်လည်တည်ဆောက်နိုင်ဖို့ပါပဲ”လို့ ခရစ္စတယ်က ပြောပါတယ်။ ခရစ္စတယ်ဟာ ဂျူးမိသားစုတွေက မွေးဖွားခဲ့သူတဦးဖြစ်ပြီး ဇနီးနဲ့ ကလေး ၂ ဦး ကတော့ နာဇီတွေရဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကြောင့် ဆုံးရှုံးခဲ့ရကာ တဦးတည်း အသက်ရှင်ကျန်ရစ်သူတဦးဖြစ်ပါတယ်။ ခရစ္စတယ်ရဲ့အရင် အသက်အရှည်ဆုံးအမျိုးသားအဖြစ် မှတ်တမ်းဝင်သူကတော့ ဂျပန်နိုင်ငံသား အမျိုးသား ယဆုတာရိုကိုအိဒီဖြစ်ပြီး ပြီးခဲ့တဲ့ဇန်န၀ါရီလ၊ အသက် ၁၁၂ နှစ်နဲ့ ၃၁၂ ရက်အကြာမှာ သေဆုံးသွားခဲ့တာပါ။ ကမ္ဘာ့အသက်အရှည်ဆုံး လူသားအဖြစ်ရှိနေသူကတော့ အသက် ၁၁၅ နှစ်နဲ့ ၂၄၉ ရက်ရှိနေပြီဖြစ်တဲ့ ဆူဆန်နာမူရှက်ဂျုံးအမည်ရ အဘွားအိုဖြစ်ကာ နယူးယောက်မြို့မှာ နေထိုင်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up