Sunday, May 28, 2023
HomeLead Storyဘုန်းမောက်နှင့် ဆောက်သမ်တန် အနိုင်ရ (ရုပ်သံဟိုက်လိုက်)

ဘုန်းမောက်နှင့် ဆောက်သမ်တန် အနိုင်ရ (ရုပ်သံဟိုက်လိုက်)



မတ် ၁၂ ရက်က ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာပဲ ဘုန်းမောက်နဲ့ ဆောက်သမ်တန်တို့ အနိုင်ရသွားပါတယ်။

ဘုန်းမောက်က အိမ်ကွင်းမှာ ဆွမ်ဆီးကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဘုန်းမောက်အတွက်တော့ ပရီးမီးယားလိဂ်မှာ ၃ ပွဲဆက်တိုက် အနိုင်ရသွားတာပါ။

ဒီပွဲမှာ ဆောက်သမ်တန်က ဘောလုံး ပိုင်ဆိုင်မှု ပိုရပေမယ့် ထိုးဖောက် ကန်သွင်းခွင့်မှာတော့ ဆတူ ရခဲ့ပါတယ်။

ဒီပွဲနိုင်တဲ့ ဘုန်းမောက်က ၃၈ မှတ်နဲ့ အဆင့် ၁၃ မှာ ရှိနေပြီး ဆွမ်ဆီးက ၃၃ မှတ်နဲ့ အဆင့် ၁၆ မှာ ရပ်တည်နေပါတယ်။

ဆောက်သမ်တန်ကတော့ အဝေးကွင်းမှာ စတုတ်စီးတီးကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။

ဆောက်သမ်တန်အတွက် အနိုင်ဂိုးတွေကို ပထမပိုင်းမှာတင် ပယ်လီနဲ့ မာနီတို့က သွင်းယူပါတယ်။ စတုတ်အတွက်တော့ ချေပဂိုး ၁ဂိုးကို ၅၂ မိနစ်မှာ သွင်းယူပါတယ်။

ဒီပွဲနိုင်တဲ့ ဆောက်သမ်တန်က ၄၄ မှတ်နဲ့ အဆင့် ၇၊ စတုတ်က ၄၃ မှတ်နဲ့ အဆင့် ၉ မှာ အသီးသီး ရပ်တည်နေပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular