ကွန်ပျူတာဦးနှောက်ကို လူသားဦးနှောက် ၃ ပွဲဆက် ရှုံး (ရုပ်သံ)
DVB
·
March 13, 2016
ကွန်ပျူတာဦးနှောက်နဲ့ လူသားဦးနှောက်တို့ အားပြိုင်ကြတဲ့ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်က ဂိမ်းပြိုင်ပွဲတခုမှာ လူသားက ကွန်ပျူတာကို ၃ ပွဲဆက်တိုက်ရှုံးနိမ့်သွားပါတယ်။
တရုတ်ရိုးရာရှေးဟောင်းကစားနည်းတခုဖြစ်တဲ့ Go ကစားနည်းကို ကမ္ဘာ့ချန်ပီယံ တောင်ကိုရီးယားနိုင်ငံသား လီဆီဒေါ နဲ့ Google ရဲ့ AlphaGo Program တို့ မတ် ၁၂ ရက်နေ့က ၅ ပွဲကစားရမှာ ၃ ပွဲဆက် လီက ရှုံးနိမ့်သွားတာပါ။
ဒီပြိုင်ပွဲမစခင်က ကွန်ပျူတာဦးနှောက်ကို နိုင်မယ်လို့ လီက ယုံကြည့်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီဂိုကစားနည်းဟာ ကွန်ပျူတာနဲ့ ယှဉ်ကစားတဲ့နေရာမှာ စစ်တုရင်ထက်စာရင် အတော်လေး ပိုပြီးခက်ခဲတယ်လို့ ဆိုပါတယ်။
ကွန်ပျူတာကတော့ စက်ဖြစ်တဲ့အတွက် ပွဲစတာကနေ ပွဲပြီးဆုံးချိန်အထိ ဆက်တိုက် မှန်မှန်ကစားနိုင်ခဲ့ပေမယ့် လီကတော့ လူသားတဦးဖြစ်တဲ့အတွက် စိတ်ပိုင်းဆိုင်ရာ အားနည်းချက်၊ ပျော့ကွက်တွေ ရှိခဲ့တယ်လို့ လီရဲ့အရင် နည်းပြတဦးကပြောဆိုပါတယ်။
လီဟာ ဒီဂိုဆိုတဲ့ကစားနည်းမှာ ကမ္ဘာ့အဆင့် ပြိုင်ပွဲအတော်များများကို အနိုင်ယူထားပြီး အတော့်ကို အောင်မြင်တဲ့ ကစားသမားလည်းဖြစ်ပါတယ်။
ကွန်ပျူတာနဲ့ ယှဉ်ကစားတဲ့ ပြိုင်ပွဲတွေမှာ ပွဲအချိန်တော်တော်များများကို လီက ဦးဆောင်ကစားနိုင်ပေမယ့် နောက်ပိုင်းပွဲပြီးခါနီး အဆင့်တွေမှာ AlphaGo ကွန်ပျူတာဦးနှောက်က အသားစီးရသွားပြီး ကပ်ရှုံးတာလို့ သတင်းတွေကဆိုပါတယ်။