ဘန်နီတက်ဇ်ကို နယူးကာဆယ် နည်းပြရာထူးခန့်

ဓာတ်ပုံ (ရိုက်တာ)
အင်္ဂလန်ပရီးမီးယားလိဂ် အမှတ်ပေးဇယား တန်းဆင်းဇုန်မှာ ရုန်းကန်နေရတဲ့ နယူးကာဆယ်အသင်းဟာ နည်းပြ မက္ကလာရင်ကို ထုတ်ပယ်ပြီး ရာဖေး ဘန်နီတက်ဇ်ကို ခန့်အပ်လိုက်ပါတယ်။ ပရီးမီးယားလိဂ်မှာ ကစားဖို့ ၁၀ပွဲသာကျန်တဲ့ အချိန်မှာ ဘန်နီတက်ဇ်ကို ၃ နှစ် စာချုပ်နဲ့ မတ် ၁၁ ရက်က ခေါ်ယူလိုက်ပါတယ်။ ဒါပေမယ့် ရာသီကုန်လို့ တန်းဆင်းသွားရင်တော့ စာချုပ်ကို ရပ်တန်နိုင်တဲ့ အချက်လည်း ပါဝင်နေပါတယ်။ ဘန်နီတက်ဇ်ကို ခန့်လိုက်တာဟာ နယူးကာဆယ်အတွက် အခွင့်အရေး ပေးလိုက်တာလို့ ကစားသမားဟောင်း အလန်ရှီးယားက ပြောပါတယ်။ အင်္ဂလန် ကလပ် လီဗာပူး ချဲလ်ဆီး၊ အီတလီစီးရီးအေက နာပိုလီ၊ အင်တာမီလန်နဲ့ စပိန်က ရီးရဲလ်မက်ဒရစ် အသင်းတွေကို ဘန်နီတက်ဇ်က ကိုင်တွယ်ခဲ့ဖူးပါတယ်။ နည်းပြဟောင်း မက္ကလာရင်ကတော့ နယူးကာဆယ်ကို ၉ လတာဝန်ယူခဲ့ပါတယ်။ သူလက်အောက်မှာ နယူးကာဆယ်ဟာ ပရီးမီးယားလိဂ် ၂၈ ပွဲမှာ ၆ ပွဲပဲ အနိုင်ရထားတာ ဖြစ်ပါတယ်။ နယူးကာဆယ်ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ ၂၈ပွဲကစား ၂၄ မှတ်နဲ့ အဆင့် ၁၉ တန်းဆင်းဇုန်မှာ ရပ်တည်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up