ပင်လယ်ထဲမျောပါသည့် ကားကို ကယ်တင် (ရုပ်သံ)

တရုတ်နိုင်ငံအရှေ့ပိုင်း၊ ရှန်ဒေါင်းခရိုင်၊ ကျင်ဒိုမြို့မှာ ပင်လယ်ရေထဲ မျောပါနေတဲ့ ကားတစီးကို ကယ်ဆယ်ရေးသမားတွေက ကမ်းပေါ်ဆွဲတင်ခဲ့ကြရတယ်လို့ စီစီတီဗွီသတင်းမှာ မတ်လ ၈ ရက်နေ့က ဖော်ပြပါတယ်။ အဲဒီကားဟာ SUV အမျိုးအစားဖြစ်ပြီး ကားမောင်းသမားက ကမ်းခြေမှာ ကားကို စမ်းသပ်မောင်းနှင်နေခဲ့ချိန် ဒီရေတက်ချိန်နဲ့ ကြုံကာ သဲထဲနစ်မြုပ်ပြီး ရေထဲမျောပါသွားခဲ့တာလို့ ပြောပါတယ်။ ဒေသတွင်း ကယ်ဆယ်ရေးသမားတွေနဲ့ ငါးဖမ်းသမားတွေဟာ ကားကိုဆယ်ယူဖို့အတွက် ရေထဲကိုဆင်းပြီး ကြိုးတဘက်က ကားကိုချည်ကာ အခြားတဘက်ကို ကရိန်းမှာချည်ပြီး ခက်ခက်ခဲခဲ ကယ်တင်ခဲ့ရတာပါ။ အချိန် ၅ နာရီလောက်ကြာအောင် ကြိုးစားပြီးချိန်မှာတော့ ကားကို ရေထဲမှ ဆယ်ယူနိုင်ခဲ့ပြီး ကားကို မြို့ဆီ ပြန်ပြင်ဖို့ ပို့နိုင်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up