အမေရိကန် ရီပတ်ဘလီကင် သမ္မတလောင်း ထောက်ခံသူနှင့် ဆန္ဒပြသူ ထိုးကြိတ် (ရုပ်သံ)

1.5K
အမေရိကန်ပြည်ထောင်စု ရီပတ်ဘလီကင် ပါတီကိုယ်စားပြုပြီး သမ္မတလောင်းအဖြစ် ရွေးချယ်ခံဖို့ ကြိုးစားနေတဲ့ ဒေါ်နယ်ထရမ့်ကို ထောက်ခံသူနဲ့ ဆန္ဒပြသူတို့ ခိုက်ရန်ဖြစ်ပွားခဲ့ကြပါတယ်။
မတ် ၉ ရက်နေ့က မြောက်ကယ်လိုရိုင်းနားမှာပြုလုပ်တဲ့ ဒေါ်နယ်ထရမ့် လူထုစည်းဝေးပွဲမှာ ဂျွန်ဖရန်ကလင်က ဆန္ဒပြနေသူကို ထိုးနှက်ခဲ့တာ ဖြစ်ပါတယ်။
ဆန္ဒပြတဲ့အတွက် စည်းရုံးလှုပ်ရှားမှုတွေလုပ်တဲ့နေရာကနေပြီး လူမည်းရက်ကီဂျူံးကို လုံခြုံရေးတွေက ခေါ်ဆောင်လာရာမှာ ဖရန်ကလင်က တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ဒီဖြစ်ရပ်ကို ရိုက်ကူးထားတဲ့ ရုပ်သံဖိုင် ထွက်ပေါ်လာပြီး ကလင်ကို ဖမ်းဆီးခဲ့သလို မတော်မတရား လှုပ်ဆောင်တဲ့ အပြုအမှုအတွက် တရားစွဲဆိုထားပါတယ်။ တရားရုံးမှာ ဧပြီလ တရားရင်ဆိုင်ရမှာလည်း ဖြစ်ပါတယ်။
ဒီပွဲမှာ စကားပြောနေတဲ့ ထရမ့်ဟာ ၁၇ ကြိမ်လောက် နီးပါး ဆန္ဒပြတာကို ခံခဲ့ရပါတယ်။