Sunday, May 28, 2023
HomeLead Storyအိုင်အက်စ်အဖွဲ့ လူ ၂ သောင်းကျော်၏ ကိုယ်ရေးအချက်လက် အဖွဲ့ဝင်ဟောင်း ဖွင့်ချ

အိုင်အက်စ်အဖွဲ့ လူ ၂ သောင်းကျော်၏ ကိုယ်ရေးအချက်လက် အဖွဲ့ဝင်ဟောင်း ဖွင့်ချ

အိုင်အက်စ်စစ်သွေးကြွအဖွဲ့ထဲက ဘက်ပြောင်းလာသူ တယောက်ဟာ နိုင်ငံပေါင်း ၅၀ ကျော်က သူတို့အုပ်စုကို ထောက်ခံသူ ၂၂၀၀၀ ကျော်ရဲ့ နာမည်တွေနဲ့ ကိုယ်ရေး အချက်အလက်တွေကို ဗြိတိန် သတင်းထောက် တယောက်ဆီမှာ ဖွင့်ထုတ်ပြလိုက်ပါတယ်။

ဒီပေါက်ကြားမှုကြောင့် အိုင်အက်စ် တိုက်ခိုက်ရေးသမားတွေကို တိုက်ခိုက်ဖို့ စီစဉ်ရာမှာ အနောက်နိုင်ငံတွေအတွက် အကူအညီ ရနိုင်ခဲ့ပါတယ်။

အိုင်အက်စ်တွေနဲ့ ပတ်သက်တဲ့ အသေးစိတ် သတင်းအချက်အလက် ပေါက်ကြားမှုက ရှားပါတယ်။ ဒါဟာ တိုက်ခိုက်မှုကို ပိုလုပ်မယ်လို့ ခြိမ်းခြောက်ထားတဲ့ စစ်သွေးကြွတွေရဲ့ မျက်နှာဖုံးကို ခွာဖို့  ဗြိတိန်သူလျှို တွေကို အကူအညီပေးမယ့် သတင်းအချက်အလက်တွေကို ရစေမှာပါ။

အဘူဟာမစ်လို့ခေါ်တဲ့ အိုင်အက်စ်အဖွဲ့ဝင်ဟောင်းက သူခေါင်းဆောင်တွေနဲ့ ပတ်သက်ပြီး စိတ်ပျက်လာခဲ့တယ်လို့ ပြောရင်း အုပ်စုရဲ့ အတွင်းရေး လုံခြုံရေးတပ်ခေါင်းဆောင်ဆီက ခိုးလာတဲ့ မဲမိုရီစတစ် မှတ်ဉာဏ်သိုလှောင် ကိရိယာကို ဗြိတိန်ရဲ့ စကိုင်းနယူးစ် သတင်းဌာနကို ပေးခဲ့ပါတယ်။

ဒီဖိုင်တွေထဲမှာ အိုင်အက်စ်တွေကို ပံ့ပိုးသူတွေနဲ့ သူတို့ဆွေမျိုးတွေ ဖုန်းနံပါတ်တွေနဲ့ ကျွမ်းကျင်နယ်ပယ် ထောက်ခံသူ စတဲ့ အသေးစိတ် အချက်အလက်တွေ ပါပါတယ်။

ဗြိတိန်ရဲ့ MI6 လျှို့ဝှက် ထောက်လှမ်းရေးအဖွဲ့ ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှု တန်ပြန်ရေးအဖွဲ့ခွဲ ခေါင်းဆောင်ဟောင်း ရစ်ချတ် ဘာရတ်က ဒီလုပ်ရပ်ဟာ အိုင်အက်စ်တွေကို တိုက်ရာမှာ ပျော်စရာ အာဏာသိမ်းမှု တရပ်နဲ့ တူတယ်လို့ ပြောပါတယ်။

စကိုင်းစ် သတင်းဌာနက တူရကီနိုင်ငံတွင်းက သတင်းထောက် စတူးအတ် ရမ်ဆေးကို ပေးခဲ့ တယ် ဆိုတဲ့ သတင်းအချက်အလက်တွေကို ဗြိတိန် အာဏာပိုင်တွေဆီ အကြောင်းကြားခဲ့ပြီးပြီလို့ ပြောပါတယ်။ စာရွက်စာတမ်းတွေရဲ့ စစ်မှန်မှုကို သီးခြား လွတ်လွတ်လပ်လပ် စစ်ဆေး အတည်ပြုနိုင်မှု မရှိသေးပါဘူး။

စာရွက်စာတမ်းတွေကို အာရပ်ဘာသာနဲ့ ရေးထားပါတယ်။ တကယ်လို့စစ်မှန်ခဲ့ရင် တိုက်ခိုက်မှု အလားအလာတွေကို ဖော်ထုတ်နိုင်မယ် သူတို့နောက်ကွယ်က ကွန်ယက်ကို သိနိုင်မယ် ဒါ့အပြင် အဖွဲ့ ဖွဲ့စည်းတည်ဆောက်ပုံကို ထိုးထွင်းမြင်နိုင်မယ်လို့ ပြောပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular