Sunday, May 28, 2023
HomeLead Storyဦးထင်ကျော်ကို ဒုသမ္မတအဖြစ် ပြည်သူ့လွှတ်တော်ရွေးချယ်

ဦးထင်ကျော်ကို ဒုသမ္မတအဖြစ် ပြည်သူ့လွှတ်တော်ရွေးချယ်

ပြည်သူ့လွှတ်တော်မှာ ဒုသမ္မတလောင်းတွေအဖြစ် အဆိုပြုတင်သွင်းခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးထင်ကျော်နဲ့  ကြံ့ခိုင်ရေးပါတီက ဒေါက်တာ စိုင်းမောက်ခမ်း တို့ကို ဒီနေ့ လျှို့ဝှက်ဆန္ဒမဲခွဲ ဆုံးဖြတ်ရာမှာ ဦးထင်ကျော်က ဒုသမ္မတအဖြစ် မဲအပြတ်အသတ်နဲ့ ရွေးချယ်ခံရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အဆိုပြုတင်သွင်းထားတဲ့ ဦးထင်ကျော်က ဆန္ဒမဲ ၂၇၄ မဲ၊ ကြံ့ခိုင်ရေးပါတီက ဒေါက်တာစိုင်းမောက်ခမ်းကတော့ ဆန္ဒမဲ ၂၉ မဲ၊ ပယ်မဲက ၁၄ မဲ၊ ဖြစ်တာကြောင့် ဦးထင်ကျော်က ဒုသမ္မတအဖြစ် အနိုင်ရရှိသွားပါတယ်။

ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ရွေးကောက်ခံကိုယ်စားလှယ် ၃၂၃ ဦးထဲက ၃၁၇ ဦး တက်ရောက် မဲပေးခဲ့ကြတာ ဖြစ်ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular