ပေါင် ၂၅၀၀ အလေးချိန်ရှိ ငါးမန်းဖြူကြီးတကောင် ဖမ်းမိ

အမေရိကန်နိုင်ငံ၊ တောင်ကာရိုလိုင်းနားပြည်နယ်၊ အောက်တ်ကပ်စ်ငါးဖမ်းအဖွဲ့မှ အမျိုးသားတဦးဟာ အလေးချိန် ပေါင် ၂၅၀၀ ရှိတဲ့ ငါးမန်းဖြူကြီးတကောင်ကို ဖမ်းမိခဲ့တယ်လို့ ယူပီအိုင်သတင်းမှာ ဖော်ပြပါတယ်။ မတ်လ ၈ ရက်နေ့ နေ့လယ် ၂ နာရီ ၅၀ လာက်မှာ ထရိုင်ဘိုးမန်း အမည်ရတဲ့ ငါးဖမ်းသမားက ငါးမန်းဖြူကြီးကို တင်နက်ဆီပြည်နယ်၊ ဘူးလ်စ်ဂက်ပ်မြို့မှာ ဖမ်းမိခဲ့တဲ့ ဓာတ်ပုံကို အောက်တ်ကပ်စ်အဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ တင်ခဲ့တာပါ။ ငါးမန်းဖြူကြီးဟာ ငါးမျှားချိတ်မှာ ၂ မိနစ်လောက် ငြိနေခဲ့ပြီးမှ ရေပေါ်ကို ဘွားကနဲ ပေါ်လာခဲ့ချိန်မှာ သူတို့ဟာ လှေနဲ့ ကပ်ဆွဲခေါ်ခဲ့ကာ အမြီးပိုင်းဆူးတောင်မှ ဒီအန်အေစစ်ချက်ရယူဖို့ ပြင်ဆင်ခဲ့ပြီး ည ၇ နာရီလောက်မှာမှ ပြန်လွှတ်ပေးခဲ့ကြတာလို့ ဆိုပါတယ်။ အဖွဲ့ရဲ့ သင်္ဘောကပ္ပတိန် ချစ်ပ်မီချာလပ်ဖ်က “သူ(ငါးမန်းမကြီး)ဟာ ကျန်းမာ ပျော်ရွှင်စွာနဲ့ တောင်ကာရိုလိုင်းနား ကမ်းရိုးတန်းတလျှောက် ကူးခပ်သွားခဲ့တယ်” လို့ ဓာတ်ပုံအညွှန်းမှာ ရေးခဲ့ပါတယ်။ ဒါဟာ ဒီကမ်းရိုးတန်းမှာ ၅ ကောင်မြောက် တွေ့ရှိရတဲ့ ငါးမန်းဖြူကြီးဖြစ်ပြီး သူနဲ့ သူ့အဖွဲ့သားတွေအနေနဲ့ ၃ ကြိမ်မြောက် ဖမ်းမိတာဖြစ်တယ်လို့ သူက ပြောပါတယ်။ သူက ငါးမန်းဖြူအမျိုးအစားဟာ ဉာဏ်ပညာကြီးတယ်လို့ ချီးကျူးပြောဆိုခဲ့ပြီး ငါးမန်းတွေရဲ့ ရွှေ့ပြောင်းသွားလာမှုနဲ့ စားသောက်နေထိုင်မှုဆိုင်ရာ ရင်းမြစ်တွေကို လေ့လာနေခဲ့တာ ၁၂ နှစ်ကျော်ရှိခဲ့ပြီလို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up