မွေးကင်းစ ယုန်ပေါက်နှင့် ဆော့ကစားနေသည့် ခွေးကြီး (ရုပ်သံ)

မက်လိုခေါ်တဲ့ ခွေးတကောင်က ယုန်ကလေးတကောင်နဲ့ ဆော့ကစားနေတဲ့ ရုပ်သံဖိုင်ကို ခွေးရဲ့သခင်က မတ်လ အစောပိုင်းက ရိုက်ကူးထားပါတယ်။ ကနေဒါနိုင်ငံရဲ့ သာယာတဲ့ ရာသီဥတုကို ခံစားရင်း ရှည်လျားတဲ့ မြက်ခင်းပြင်မှာ မျက်နှာချင်းဆိုင် ဆော့ကစားနေတာ ဖြစ်ပါတယ်။ သေးငယ်တဲ့ သတ္တ၀ါလေးက ဘာလေးလဲဆိုတာကို သိလိုတဲ့ ခွေးကလေးက စပ်စုတဲ့ အသံကို လုပ်ဆောင်ပြီး ယုန်ကလေးနားကို ချဉ်းကပ်နေတာ ဖြစ်ပါတယ်။ ယုန်ကတော့ ကြီးမားတဲ့ သတ္တ၀ါကို သတိမထားမိဘဲ သက်တောင့်သက်သာ ရှိနေပါတယ်။ ဒီတိရစ္ဆာန် ၂ ကောင် နှာခေါင်းချင်း ထိတွေ့ခဲ့ပါသေးတယ်။ နောက်ပိုင်းမှာတော့ ယုန်ကလေးက ပိုပြီးတော့ ယုံကြည်မှု ရှိလာပါတယ်။ အဲဒီလိုနဲ့ ခွေးက အမြီးလေးနန့်ပြီး ယုန်ကလေးနောက် လိုက်နေတဲ့ ဖြစ်ရပ်နဲ့ ရုပ်သံကို အဆုံးသတ်ထားပါတယ်။

More News
Up