အာရှ ယူ၁၄ ပြိုင်ပွဲဝင်ရန် မြန်မာအမျိုးသမီးအသင်း ဂျပန်ကို ထွက်ခွာ

ဂျပန်နိုင်ငံမှာ ကျင်းပမဲ့  အာရှအမျိုးသမီး ယူ ၁၄ ဖိတ်ခေါ်ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ဖို့ မြန်မာ့လက်ရွေးစင် ယူ၁၄ အမျိုးသမီးအသင်းဟာ မတ် ၁၀ ရက်နေ့က ရန်ကုန်လေဆိပ်ကနေ ထွက်ခွာသွားပါတယ်။ အဲဒီအသင်းကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက  အခြေခံပညာကျောင်းတွေက  ရွေးချယ်ထားတာလို့ ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။ ကစားသမား ၁၈ ဦးဖြင့် သွားရောက်ယှဉ်ပြိုင်ပြီး  ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဂျပန်(အကယ်ဒမီ)၊ ဂျပန် (Azul Claro) အသင်းတွေနဲ့ မတ် ၁၂ ရက်နေ့ ကနေ မတ် ၁၆ ရက်နေ့အထိ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ အသင်းတသင်းကို ၅ ရက်အတွင်း ၄ ပွဲ ကစားရမည် ဖြစ်ပြီး ၁ ပွဲကို  ၃၅ မိနစ်နှစ်ပိုင်းစီ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

More News
Up