လမ်းသရဲများကို ကန်ကျောက်ထိုးနှက်သည့် ထိုင်းစစ်သားများ (ရုပ်သံ)

5.3K
လမ်းသရဲတွေကို ထိုင်းစစ်သား ၁၀ ဦးက ကန်ကျောက် ထိုးနှက်နေတာ သြဘာပေးနေတဲ့ ဗွီဒီယိုဖိုင်ဟာ ထိုင်းနိုင်ငံက လူမှုကွန်ရက် မီဒီယာ အသုံးပြုသူတွေအကြား အချေတင်ပြောဆိုစရာ ဖြစ်နေပါတယ်။
မတ် ၉ ရက်က ဖေ့စ်ဘွတ်ခ်အသုံးပြုသူ မိုဖင်ကတ်ဆုဝမ် တင်ခဲ့တဲ့ ရုပ်သံဖိုင်ဟာ ဘန်ကောက်က ပွဲတော်တခုမှာ ရိုက်ကူးထားတာ ဖြစ်ပါတယ်။
ဗွီဒီယိုကလစ်နဲ့အတူ ဒီကလစ်ထဲမှာ လူတွေအပေါ် ရိုင်းပျ အရိုအသေမရှိတဲ့ လမ်းသရဲတွေကို စစ်သားတွေက ရိုက်နှက်နေတဲ့အပေါ် လူအုပ်က ကောင်းချီးပေး လက်ခုပ်တီးနေသလို ထိုင်းရဲတပ်ဖွဲ့ကို ပြစ်တင်တဲ့ စာသားကိုလည်း ရေးသားထားပါတယ်။
လူ့အဖွဲ့အစည်းက ဆန်ကုန်မြေလေးတွေကို စည်းကမ်းနဲ့ညီအောင် လုပ်ဆောင်သလို တခြားသူတွေကို ဒုက္ခမပေးအောင် တားဆီးတဲ့ စစ်သားတွေရဲ့ အပြုအမူအတွက် အင်တာနက်အသုံးပြုသူ တော်တော်များများကတော့ ပျော်နေပါတယ်။
ဖေ့စ်ဘွတ်ခ်အသုံးပြုသူတဦးကတော့ လမ်းသရဲလူငယ်တွေကို ရဲတွေက အရေးယူဆောင်ရွက်မှု မရှိတာဟာ ပိုက်ဆံမရတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ယူကျုအသုံးပြုသူ တဦးကတော့ ရဲတွေအနေနဲ့ လူထုထောက်ခံမှု ရချင်တယ်ဆိုရင် ဥပဒေကို သက်ရောက်အောင် လုပ်ဆောင်ပြီး လူထုဆီက ခေါင်းပုံဖြတ်တာကို ရပ်သင့်တယ်လို့ ရေးပါတယ်။