နေကြတ်သည့် မြင်ကွင်း ရုပ်သံ

1.9K
မတ် ၉ ရက် မြန်မာစံတော်ချိန် ၆ နာရီ ၄၉ မိနစ်ကနေ ၇ နာရီ ၄၉ မိနစ် အတွင်း နေတပိုင်းကြတ်ခဲ့ပါတယ်။
ဒီနေကြတ်တာကို မြန်မာနိုင်ငံအပါအ၀င် အရှေ့တောင် အာရှကနိုင်ငံတွေမှာ မြင်တွေ့ရတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာတော့ နေရဲ့တ၀က် ရာခိုင်နှုန်း ၅၀ ကျော်လောက် ကြတ်တာကို မြင်ရပေမယ့် အင်ဒိုမှာတော့ ၁၀၀ ရာခိုင်နှုန်းအထိ ကြတ်ခဲ့တာကို မြင်တွေရမှာ ဖြစ်ပါတယ်။
နေကြတ်တဲ့ ဖြစ်စဉ်ကို အရှေ့တောင် အာရှက နိုင်ငံသားတွေစောင့်ကြည့်ခဲ့ကြသလို တချို့ကတော့ ကင်မရာနဲ့ ရိုက်ယူ မှတ်တမ်းတင်ခဲ့ပါတယ်။
အခု ရုပ်သံကတော့ နေကြတ်တဲ့ ဖြစ်စဉ်ကို ရိုက်ယူထားပြီး စင်ကာပူ ရဲတပ်ဖွဲ့ လူမှုရေးကွန်ရက် ဖေ့ဘွတ်ခ်စာမျက်နှာမှာ တင်ထားတာ ဖြစ်ပါတယ်။
အမေရိကတိုက်မှာ မြင်နိုင်မယ့် နေကြတ်တာကတော့ ၂၀၁၇ ခုနှစ် သြဂုတ် ၂၁မှာ ဖြစ်မယ်လို့ နာဆာက ကြေညာထားပါတယ်။