ကျောင်းသားသပိတ်စစ်ကြောင်းအား ထောက်ခံဆန္ဒပြသူများကို ရုံးထုတ်
DVB
·
March 9, 2016
၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက မမီးမီးအပါအဝင် ဗကသ ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကိုနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုနေမျိုးဇင်တို့ကို ဒီနေ့ မနက်ပိုင်းက ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
၂၀၁၄ ခုနှစ် နိုဝင်ဘာလမှာ ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းကို ထောက်ခံဆန္ဒပြခဲ့ တာကြောင့် စီတန်းလှည့်လည်ပုဒ်မ ၁၈ နဲ့ တရားဆွဲဆိုခံရတဲ့ မမီးမီးအပါအဝင် ဗကသ ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကိုနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုနေမျိုးဇင်တို့ကို မတ်လ ၉ ရက်နေ့က မင်္ဂလာတောင်ညွန့်မြို့နယ်တရားရုံးမှာ တရားစွဲဆိုပြီး ပထမအကြိမ် ရုံးထုတ်ခဲ့တာပါ။
ဒီမိုကရေစီနိုင်ငံရဲ့ ဂုဏ်သိက္ခာညှိုးနွမ်းစေတဲ့ ပုဒ်မ ၁၈ ရဲ့နောက်ဆက်တွဲ ပြစ်ဒဏ်တွေကို ရင်ဆိုင်ဖြေရှင်းသွားမှာ မဟုတ်ဘူးလို့ မမီးမီးက ဆိုပါတယ်။
အမျိုသားပညာရေး ဥပဒေကို သပိတ်မှောက်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တွေကိုတော့ ပုဒ်မ ၁၈ အပါအ၀င် အမှုပေါင်းအနည်းဆုံး ၂၀ ကျော်ကနေ ၈၀ လောက်ထိ တရားစွဲဆိုခံနေ ရပါတယ်။
ဓာတ်ပုံ - ဟိန်းကို