ကမ္ဘာ့ဖလားခြေစစ်ပွဲ ကစားမည့် မြန်မာအသင်း အပြီးသတ် လူရွေးချယ်

ဓာတ်ပုံ - အမ်အက်ဖ်အက်ဖ်
၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားခြေစစ်ပွဲပြိုင်မယ့် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းအတွက် အပြီးသတ် လူရွေးပြီးသွားပြီလို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။ မတ်လ ၂၉ ရက်မှာ လက်ဘနွန်အသင်းနဲ့ အဝေးကွင်းကစားရမယ့် ခြေစစ်ပွဲအတွက် ရွေးချယ်ထားတဲ့ ဘောလုံးသမားတွေထဲမှာ ကမ္ဘာ့ဖလား ယူ ၁၉ ဘောလုံးအသင်းက ကစားသမား အများစု ပါဝင်ပါတယ်။ ရွေးချယ်ထားတဲ့ ဘောလုံးသမားတွေထဲမှာ ဂိုး-ကျော်ဇင်ဖြိုး၊ နောက်တန်း-ကျော်ဇင်လွင်၊ နန္ဒကျော်၊ ဖြိုးကိုကိုသိန်း၊ ဟိန်းသီဟဇော်၊ အလယ်တန်း-ရဲကိုဦး၊ လှိုင်းဘိုဘို၊ မျိုးကိုထွန်း၊ သက်နိုင်၊ ရှေ့တန်း-အောင်သူ၊ သန်းပိုင်၊ ကျော်ကိုကို စတဲ့ ကစာသမားတွေ ပါဝင်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up