ထိုင်းပတ္တရားက နိုင်ငံခြားသားများနှင့် လိင်ပြောင်းထားသူများရန်ပွဲ (ရုပ်သံ)
DVB
·
March 8, 2016
ထိုင်းနိုင်ငံ ပတ္တရားမှာ လိင်ပြောင်းထားသူတွေနဲ့ နိုင်ငံခြားသား ၄ ဦးတို့ ရန်ဖြစ်ခဲ့ကြပြီး မတ် ၇ ရက်က လိင်ပြောင်းထားသူတွေက တိုင်ကြားသတင်းပေးပို့လာတယ်လို့ ရဲကို ပြောပါတယ်။
အသက် ၂၇ နှစ် တီရာဆတ်ကပ်ပဖန်က အမျိုးသမီးနိုင်ငံခြားသူတဦးက စော်ကားသလို သူ့နဲ့ သူငယ်ချင်းတွေကို လာဖက်ရာကနေ ခိုက်ရန်ဖြစ်ပွားခဲ့တာလို့ ပြောပါတယ်။
လိင်ပြောင်းထားတဲ့သူအမြောက်အမြားလည်း ရန်ပွဲမှာ ပါဝင်ခဲ့သလို သူငယ်ချင်းတွေက တည်တည်ငြိမ်ငြိမ် ဖြေရှင်းဖို့ ပြောဆိုခဲ့သလို ခရီးသွားတဦးက တောင်းပန်ခဲ့တယ်လို့ ဆိုပါတယ်။
တီရာဆတ်ရဲ့ ပြောဆိုမှုကို ရဲတွေကတော့ အပြည့်အ၀မယုံသလို ခရီးသွားတွေကိုလည်း မေးမြန်းမယ်လို့ ရဲတွေက ပြောပါတယ်။
ဒီဖြစ်ရပ်ကို ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်ကို ပတ္တရား ချစ်သူများက လူမှုရေးကွန်ရက် အင်တာနက် စာမျက်နှာပေါ်ကို တင်ခဲ့ပါတယ်။