တိုက်စစ်မှူး ရော်နယ်ဒိုကို ရောင်းချရန် ဆန္ဒမရှိဟု ရီးရဲလ်နည်းပြ ပြော

ဓာတ်ပုံ - ရိုက်တာ
ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းက တိုက်စစ်မှူး စီရော်နယ်ဒိုကို ရောင်းဖို့ ဆန္ဒမရှိဘူးလို့ ပြောပါတယ်။ ရော်နယ်ဒိုဟာ ဖေဖော်ဝါရီ ၂၇ ရက်နေ့က အက်သလက်တီကို မက်ဒရစ်ကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးတဲ့ပွဲမှာ အသင်းဖော်တွေနဲ့ အဆင်မပြေမှုတွေ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ရော်နယ်ဒို အသင်းကနေ ထွက်ခွာတော့မလားဆိုတဲ့ မှန်းဆချက်တွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ နည်းပြ ဇီဒန်းကတော့ နည်းပြအနေနဲ့ သူ့ကို အလိုရှိပါတယ်လို့ ပြောပါတယ်။ တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ မတ် ၅ ရက်နေ့က ဆဲလ်တာဗစ်ဂိုကို ၇ ဂိုး ၁ ဂိုးနဲ့ နိုင်တဲ့ပွဲမှာတော့ ၄ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် သူဟာ ဒီနှစ်ရာသီထဲမှာ သွင်းဂိုး ၂၇ ဂိုးအထိ ရှိသွားပြီ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ မတ် ၈ ရက်ညမှာ ချန်ပီယံလိဂ် ရှုံးထွက် ဒုတိယအကျော့ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ ရိုးမားအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ ပထမအကျော့မှာတုန်းက ရီးရဲလ်က ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up