၈၄ နှစ်အရွယ် မီဒီယာသူဋ္ဌေးကြီး ရူးပတ်မားဒေါ့ မော်ဒယ်ဟောင်းတဦးနှင့် လက်ထပ်

ဓာတ်ပုံ - ရိုက်တာ
အသက် ၈၄ နှစ်အရွယ် မီဒီယာသူဋ္ဌေးကြီး ရူးပတ်မားဒေါ့ (Rupert Murdoch) နဲ့ အရင်ရ ရုပ်ရှင်သရုပ်ဆောင်နဲ့ မော်ဒယ်တဦးဖြစ်ခဲ့တဲ့ ဂျယ်ရီ ဟောလ် (Jerry Hall) တို့ရဲ့ လက်ထပ်ပွဲကို ပြီးခဲ့တဲ့ မတ် ၅ ရက်နေ့က အင်္ဂလန်နိုင်ငံ မြို့တော် လန်ဒန်မှာ ကျင်းပခဲ့ပါတယ်။ မင်္ဂလာအခမ်းအနားကို နှစ်ယောက်စလုံးရဲ့ အရင်အိမ်ထောင်တွေက သားသမီး ၁၀ ဦး အပါအ၀င် ရုပ်ရှင်နဲ့ မီဒီယာအသိုင်းအ၀ိုင်းက မိတ်ဆွေအပေါင်းအသင်းတွေ အားလုံး အယောက် ၁၀၀ လောက် တက်ရောက်ခဲ့ကြပါတယ်။ ဒီအိမ်ထောင်ဟာ ဘီလီယံနာသူဋ္ဌေးကြီး ရူးပတ်မားဒေါ့အတွက်တော့ စတုတ္ထအိမ်ထောင်ဖြစ်ပြီး အသက် ၅၉ နှစ်အရွယ် ဂျယ်ရီဟောလ်အတွက်တော့ ပထမဆုံး တရားဝင် လက်ထပ်တာလို့ ဆိုပါတယ်။ ဂျယ်ရီဟောလ်နဲ့ ရိုးလင်းစတုန်း (Rolling Stone) အဆိုကျော် ဆာ မိုက် ဂျက်ဂါ (Sir Mick Jagger) တို့ကတော့ ၁၉၇၇ ခုနှစ်ကနေ ၁၉၉၉ အထိ လက်တွဲခဲ့ပြီး သားသမီး ၄ ဦး ထွန်းကားပါတယ်။ ရူးပတ်မားဒေါ့ဟာ သြစတြေးလျနိုင်ငံမှာ မွေးဖွားကြီးပြင်းသူဖြစ်ပြီး လက်ရှိ အမေရိကန်နိုင်ငံသား ခံယူထားတာပါ။ ဗြိတိန်သတင်းစာကြီးတွေဖြစ်တဲ့ The Times နဲ့ The Sun သတင်းစာတွေကို ပိုင်ဆိုင်ပြီး အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၇ ဘီလီယံ ကြွယ်ဝတယ်လို့ ဆိုပါတယ်။ အခုလို ဂျယ်ရီဟောလ်နဲ့ လက်ထပ်ခွင့်ရခဲ့တဲ့အတွက် သူ့ကိုယ်သူ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးနဲ့ အပျော်ရွှင်ဆုံးလူလို့ သူ့ရဲ့ တွစ်တာ (Tweeter) လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up