အဓမ္မပြုကျင့်မှုမှ လွတ်မြောက်ရန် ၀ရံတာမှ ခုန်ချခဲ့ရသည့် မိန်းကလေး ဦးခေါင်းဒဏ်ရာရ

ဓာတ်ပုံ - indiatoday
အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့မှာ အသက် ၂၀ အရွယ် မိန်းကလေးတဦးဟာ အမျိုးသား ၃ ဦးရဲ့ အဓမ္မပြုကျင့်မှုကနေ လွတ်မြောက်ဖို့အတွက် အဆောက်အဦ ၀ရံတာပေါ်ကနေ ခုန်ချခဲ့တယ်လို့ အိန္ဒိယတူဒေးသတင်းမှာ ဖော်ပြပါတယ်။ အဲဒီမိန်းကလေးဟာ မတ်လ ၆ ရက်နေ့ ညနေပိုင်းက ကာလကတ္တားမြို့အနီး ဟောင်ဝါမြို့က သူ့ချစ်သူဆီ သွားတွေ့ချိန်မှာ ခုလိုဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ သူသွားတွေ့ချိန်မှာ သူ့ချစ်သူဟာ တခြားသူငယ်ချင်း ၂ ဦးနဲ့အတူရှိနေပြီး သူ့ကို စပိုက်ခ်အချိုရည် တိုက်ခဲ့ပြီးချိန်မှာ အဓမ္မပြုကျင့်ဖို့ ကြိုးစားခဲ့ကြပါတယ်။ အဲဒီမိန်းကလေးက အော်ဟစ်ငြင်းဆန်ခဲ့လို့ သူတို့က သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ကြတဲ့အတွက် ၀ရံတာကို ပြေးထွက်ပြီး ခုန်ချခဲ့တာလို့ သတင်းက ဆိုပါတယ်။ အောက်ကိုပြုတ်ကျတဲ့အတွက် ဦးခေါင်းကို ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ အဲဒီမိန်းကလေးကို အိမ်နီးချင်းတွေက ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြပြီး အဓမ္မပြုကျင့်ဖို့ ကြိုးစားတဲ့ မိန်းကလေးရဲ့ချစ်သူ အပါအ၀င် လူ ၃ ဦးကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up